5: မင်းအတွက်ဆိုရင်

Start from the beginning
                                    

"မုန့်ဟင်းခါးညှပ်ခေါက်ဆွဲနဲ့ နှစ်ပွဲ...တစ်ပွဲကပဲကြော်၊တစ်ပွဲကဘူးသီးကြော်...ပဲကြော်နဲ့ပွဲက အိုးဘဲဥထည့်မယ်...ငရုတ်သီးစပ်စပ်လေး...ဘူးသီးကြော်နဲ့ ပွဲက..အီကြာကွေးထည့်ပေး...ငရုတ်သီးမထည့်ဘူး...နှစ်ပွဲလုံး နံနံပင်မထည့်ဘူး...နောက်မုန့်ဟင်းခါးဖတ်နဲ့ တစ်ပွဲက..အကြော်မထည့်ဘူး...အိုးဘဲဥနဲ့...နံနံပင်ထည့်ပေး...."

ကောင်လေးက ကျွန်တော့်ကိုကြည့်ကာ
"အကို...ရေနွေး သောက်ပီး..ခဏထိုင်စောင့်ပါလား..မောနေမှာစိုးလို့...."

ခေါင်းသာငြိမ့် ပြလိုက်နိုင်တော့သည်။တစ်လမ်းလုံး မနည်းနင်းလာရသည်။ နာရီကြည့်မိတော့ ၆နာရီ ထိုးနေပေပြီ။
"ဟူး....ဒုက္ခပါပဲ... "ဟုရေရွတ်ကာ တွေးမိသည်က ထိုလူသား အငြိုးကြီးချက်ကိုပင်

ကျွန်တော့်အား စိတ်ဆိုးနေသော ထိုလူသားကို မနေ့က မေမေပေးလိုက်သော နန်းကြီးသုပ် သွားပေလေတော့...
"မစားချင်ဘူး... ပြန်ယူသွား..ကိုလင်း.."ဟုပြတ်ပြတ်သားသား ပြောသည်။

သူစိတ်ဆိုးခြင်းကို ပထမဆုံးခံရပေမယ့် ကျွန်တော့်မှာ ဇောချွေးများပင် ပြန်ချင်လာသည်။
"သွေးသစ်ရယ်...အကိုတောင်းပန်ပါတယ်.... စားလိုက်ပါနော်...မနေ့ကကိစ္စကမထင်မှတ်ပဲ..ဖြစ်သွားတာလေ.......လေ"

သူရှက်ကာ ကျွန်တော့်ကို မျက်နှာလွှဲသွားသည်။'ဟုတ်ပါရဲ့.. ငါဘာတွေပြောမိနေတာလဲ..' မိမိကိုယ်တိုင်ပင် ခေါင်းကုတ်ကာ
" အကိုပြောတာက...မနေ့ကအကို..စကားပြောနည်းနည်းလွန်သွားတယ်ကွာ...တကယ်ဆို..အဲ့လိုမပြောသင့်ဘူးလေနော်....အကို့ကိုစိတ်မဆိုးပါနဲ့ကွာ...နောက်အဲ့လိုမပြောတော့ပါဘူး.....အကို့ကိုခွင့်လွှတ်ပြီး..စိတ်ဆိုးပြေလိုက်ပါတော့နော်....."

ထိုအခါ မှ သွေးသစ်က အောင်နိုင်သူမျက်နှာပေးဖြင့်
"ကျွန်တော့်ကို ခွင့်လွှတ်စေချင်ရင်...ကျွန်တော်ခိုင်းတာ..ကိုလင်း လုပ်မလား?...အဲ့ဒါဆိုပြေမယ်..."

စိတ်ဆိုးပြေရင်ပြီးရော ခေါင်းငြိမ့်ပြလိုက်တော့
"ကျွန်တော်မနက်ဖြန် မနက်...မြောင်းမြ ဒေါ် ချို မုန့်ဟင်းခါးစားချင်တယ်....ကိုလင်း ဝယ်ပေးမလား?..."

ထာဝရသူငယ်ချင်း (B.F.F) (Z+U){Completed}Where stories live. Discover now