4: မင်းမှမင်း

Start from the beginning
                                    

"ကိုလင်း...ကိုလင်း....ထပါဆိုကွာ..."

ကလေးရယ်..ဒီကကောင်က မင်းရဲ့အသံမပြောနဲ့ ကိုယ်သင်းနံ့ကအစ မှတ်ထားတဲ့ကောင်ပါကွ ကိုယ်နိုးနေပြီဆိုတာ မင်းဘာ​ကြောင့်မသိပါလိမ့်..

ဟော....သူလည်းမခေဘူးပဲ။

ကျွန်တော် ခေါင်းမြီးခြုံထားသော စောင်ကိုသူစဆွဲလေပြီ။ ကျွန်တော်ကလည်း ဘယ်ရမလဲ ပြန်ဆွဲသည်ပေါ့။ ကုတင်ပေါ်မှာ စောင်တစ်ထည်ကို သူဆွဲ ကိုယ်ဆွဲဖြင့် ကျွန်တော့်ရဲ့ အားကြမ်းကြီးတွေကြောင့်...

သူ ကျွန်တော့် အပေါ်ပုံလျက်သားလဲကျလာလေသည်။ ကျွန်တော့်မျက်နှာကလည်း သူရှိရာသို့အလှည့်မှာ ဒုတိယအကြိမ် နှုတ်ခမ်းချင်း မိတ်ဆွေဖွဲ့သွားလေသည်။

နှုတ်ခမ်း​​ချင်း ထိစပ်မှု၊ မျက်လုံးချင်း စကားပြောမှု တို့ကြောင့် နှလုံးခုန်သံချင်းကြားနေရသော ခဏတာမျှ မလှုပ်မယှက် နေနေမိကြသည်။

"ဒေါက်..ဒေါက်.."

တံခါးခေါက်သံကြားမှ နှစ်ယောက်သားလူချင်းခွာလိုက်မိသည်။
သူလည်းကြောင်အမ်းအမ်း ကိုယ်လည်းရှက်ကိုးရှက်ကန်းနှင့်

"သားရေ..နိုးရင်ဆင်းလာတော့လေ..မေမေမနက်စာပြင်ပြီးပြီ..."

"ဟုတ်ကဲ့... သားတို့..ဆင်းလာခဲ့မယ်...မေမေ..."

မေမေ ပြန်ဆင်းသွားသံ ကြားတော့မှ

"မင်းကွာ...စောစောစီးစီး... လာဒုက္ခပေးတယ်...အိပ်နေတယ်လေကွာ...နားမလည်ဘူးလား...."

မည်သည့်အရာကို ဒေါသထွက်၍ထွက်မှန်းမသိ၊ သူ့ ကိုဒေါသထွက်သည် မဟုတ်တာတော့ သေချာသည်။

ထိုအခါ မျက်နှာငယ်လေးဖြင့်
" ကျွန်တော်က...မနက်စာတူတူစားရအောင်...လာနှိုးတာပါ...အိမ်မှာဖေဖေအလုပ်သွားရင်...တစ်ယောက်တည်း မစားချင်လို့ပါ...."

"အဲ့ဒါဆိုလည်း...နည်းနည်းပါးပါး..အလိုက်သိ....ကိုယ်ဖြစ်ချင်တာပဲ.. အမြဲရှေ့တန်းမတင်နဲ့လေကွာ..."

သွားပြီ...ကျွန်တော် ရဲ့ လူကြမ်းဗီဇက တစ်ခါတစ်ခါပေါ်ပေါ်လာတတ်သည်။

သူ မျက်ရည်များ ဝဲလာကာ

" Sor...Sorry...ကိုလင်း... ကျွန်တော် ..တစ်ကိုယ်ကောင်းဆန်သလို..ဖြစ်သွားလို့ပါ..... " ဟုပြောပြီး ထထွက်သွားလေသည်။

ထာဝရသူငယ်ချင်း (B.F.F) (Z+U){Completed}Where stories live. Discover now