"အေးအေး..ငါလာခဲ့မယ်လို့ပြောလိုက်.."
"............"

&&&&&&&&&&&&&&&&&

မြင်မြင်ချင်း ကျွန်တော့်မျက်လုံးကိုပင် မယုံနိုင်ဖြစ်သွားရသည်။ သူ...သူပဲ ဟုအံ့သြသွားရသည်။

သူကကျွန်တော့် ကိုမြင်တော့ ရယ်ပြသည်။ကျွန်တော်သတိထားမိလိုက်သည်က သူ့တွင်လည်း ကျွန်တော့်လို သွားတက်ကလေးများရှိသည်ကိုပင်၊ 'ဟာ..ငါဘာတွေလျှောက်ကြည့်နေတာလဲ' ဟုအတွေးစကို ဘရိတ်အုပ်ကာ ကျွန်တော်သူနှင့် မျက်နှာချင်းဆိုင်ခုံတွင် ဝင်ထိုင်လိုက်သည်။

သူကလက်ကမ်းပေးကာ

"ကျွန်တော့်နာမည်..သွေးသစ်စပါ...သွေးသစ်လို့ပဲရင်းရင်းနှီးနှီး ခေါ်လို့ရပါတယ်...အကို.."

ကျွန်တော်သူ့လက်ကို ဆုပ်ကိုင်လိုက်တော့...မရိုးမသားစိတ်တခုဝင်လာ၍ မြန်မြန်ပင်လက်လွှတ်ပေးလိုက်ရသည်။

"လင်းအံ့မင်း ပါ....." ဟုသာ ခပ်တိုတိုပြောလိုက်မိသည်။ ပြောစရာစကား တစ်ခွန်းမျှ ကျွန်တော်ရှာမတွေ့ ဖြစ်နေသည်။ ငါဘာလို့စိတ်တွေ ကဏုာမငြိမ်ဖြစ်နေပါလိမ့်...

"ကိုကိုကြီးပြောပြလို့...ကျွန်တော်အားလုံးသိပြီးပါပြီ...အကို..ကျေးဇူး အများကြီးတင်ပါတယ် နော်..."

"ရပါတယ်...မင်း..သက်သာရဲ့လား?.."

"ဟုတ်ကဲ့..ကျွန်တော်အားလုံးကောင်းသွားပါပြီအကို..."

"............"

" ကျွန်....ကျွန်တော်.... ကျွန်တော် လေ...."

သူတစ်ခုခုကိုပြောချင်နေပုံ ရ၍
" ပြောလေ...မင်း ဘာပြောမလို့လဲ... "

" ကျွန်တော်..အကိုနဲ့သူငယ်ချင်းဖြစ်ချင်လို့...ရမလားအကို....."

ကျွန်တော့်အပြောကို သူစောင့်နေသည်။ မျက်နှာငယ်လေးနဲ့..စောင့်နေသည်ကိုမမြင်လို၍ ချက်ချင်း ပင်..

" ရတယ်လေ...ငါ့မှာလည်းအဖော်မရှိသေးတာနဲ့..အတော်ပဲပေါ့...."

သူပြုံးသွားသည်။

ကျွန်တော်အလိုလိုပင် လိုက်ပြုံးမိသွားသည်။ ငါ့နှယ့် သူဘာလုပ်လုပ်ဘာလို့ သဘောတူနေမှန်းမသိ........

ထာဝရသူငယ်ချင်း (B.F.F) (Z+U){Completed}Where stories live. Discover now