Chapter 5

6.6K 932 35
                                    

[Unicode]

"အဟွတ် ကျွန်တော်အခုအဆင်ပြေသွားပါပြီ ခင်ဗျားကိုအလုပ်ကနေခေါ်ထားရင်မကောင်းဘူးလေ"
လင်ယွမ်လဲ့သည် ပို၍စကားနုရန်ကြိုးပမ်းလိုက်၏။
လိင်ဆက်ဆံတာလေးတင်လေ မြန်မြန်အလုပ်သွားမှ တာဝန်ကိုပိုမြန်မြန်ပြီးအောင်လုပ်နိုင်မှာ! ဒီကိုသက်သေရှာဖို့ရောက်နေတာ သူဌေးအတွက်ခံစားချက်တွေတိုးတက်ဖို့မဟုတ်...အန်...ဖြစ်နိုင်ပါတယ်...မှန်တယ်မလား?

နောက်ဆုံးတွင် ဥက္ကဌယန်ကခေါင်းညိတ်၏။
"အဆင်မပြေသေးရင်ကိုယ့်ကိုပြော"
ထို့နောက်တွင် မွန်းလွဲပိုင်း၌သူ့အားရုံးသို့အမှန်တကယ်ခေါ်ဆောင်သွား၏။

ဝန်ထမ်းများသည်လည်း လူနှစ်ယောက်အတူလာသည်ကိုမြင်သည့်အခါ အမှန်တကယ်ပင်တုံ့ပြန်မှုမရှိပေ။နောက်ပြီး သူဌေးက သူ၏ကိုယ်ရံတော်အား နံနက်ခင်းတွင် စစ်ဆေးရေးအတွက်ခေါ်ဆောင်လာသည်မှာ အရေးကြီးအဖြစ်အပျက်တစ်ခုမဟုတ်ပေ။

သို့သော်လည်းထိပ်ဆုံးထပ်သို့ရောက်သည်နှင့် စက်လှေကားမှထွက်လိုက်ပြီး အားနည်းသော်လည်းအဆက်မပြတ်စိုက်ကြည့်နေမှုကိုခံစားသိရှိနိုင်၏။

ဖန်းရှီသည် ဖိုင်များလက်အပြည့်ဖြင့်လျှောက်လာ၏။ နှစ်ယောက်သားအားမြင်သည့်အခါ အထူးအနေနှင့်ရောက်လာကာ လင်ယွမ်လဲ့၏ပုခုံးအားပုတ်၏။
"မင်းအတွက်ခက်ခဲခဲ့ပြီ ယွမ်လဲ့"
ဥက္ကဌအား အပြည့်အဝလျစ်လျုရှုထားသကဲ့သို့။

လင်ယွမ်လဲ့သည် တောင်းတင်းစွာခေါင်းညိတ်၏။ ခက်ခဲတယ်? ဥက္ကဌကိုလိုက်ပါစောင့်ရှောက်ရတာကိုဆိုလိုတာဖြစ်ကောင်းဖြစ်နိုင်လား? ဟုတ်ကိုဟုတ်တယ်!!!!

ယန်ယွမ်သည် သူ၏ဘေးရှိလူပေါ်မှ အမူအရာအား တည်ငြိမ်စွာကြည့်နေ၏။ကျေနပ်အောင်ကြည့်ပြီးသည့်နောက်တွင် လှည့်ထွက်ကာပြော၏။
"မင်းအလုပ်ကိုလုပ်"
ဖန်းရှီသည် ခါတိုင်းကဲ့သို့ ဥက္ကဌအားမကြားယောင်ဆောင်ကာ လင်ယွမ်လဲ့အားမျက်စိမှိတ်ပြပြီးမှသာ ထွက်ခွာသွား၏။

လင်ယွမ်လဲ့သည့်စိတ်ရှုပ်ထွေးမှုပြည့်နေသည့်မျက်နှာဖြင့် နားမလည်ယောင်ဆောင်ကာ ရယ်မောရုံသာတတ်နိုင်၏။

သူလျှိုလာလုပ်တာ မရီးမဟုတ်ဘူး! [Completed]Where stories live. Discover now