Chapter 2

12.6K 1.2K 18
                                    

[Unicode]

ဥက္ကဌယန်၏ လည်ပတ်မှုငါးရက်မြောက်နေ့တွင် လင်ယွမ်လဲ့သည် သူ့ကိုယ်သူဆက်လက်၍ မထိန်းသိမ်းနိုင်ခဲ့။အကြောင်းမှာ နတ်ဆိုးကြီးသည် မနက်ဖြန်တွင် ပြန်တော့မည်ဖြစ်ပြီး ဤအခွင့်အရေးအား အမိအရဆုပ်ကိုင်ရမည်ဖြစ်သောကြောင့်ဖြစ်၏။

"ခေါင်းဆောင် ဒီရက်ပိုင်းကျွန်တော့်ရဲ့ စွမ်းဆောင်ချက်တွေဘယ်လိုနေလဲခင်ဗျ"
လင်ယွမ်လဲ့သည် ဥက္ကဌ၏နားချိန်အား အခွင့်ကောင်းယူ၍ ခေါင်းဆောင်ဟန်၏ ရုံးခန်းအတွင်းသို့ဝင်လိုက်၏။

ဟန်ဖေး- "အတော်လေးကောင်းတယ်"

လင်ယွမ်လဲ့-"အဲ့လိုဆို အဟွတ် အဟွတ် အာ ကျွန်တော့်ကိုရာထူးတိုးပေးလို့ရပြီလား?"

ဟန်ဖေးသည် ငွေအဆင့်ရောက်သည်အထိ ပထမဆုံးအကြိမ် တက်ကြွနေသည်။
"ဥက္ကဌကပြောတယ် မင်းရဲ့သစ္စာရှိရှိပေးဆပ်မှုက လုံလောက်တယ်တဲ့"

လင်ယွမ်လဲ့- "??! ...ဥက္ကဌက မှားများမှားနေသလား"

လင်ယွမ်လဲ့တစ်ယောက် ရာထူးတိုးပေလိမ့်မည်။သို့သော် ဒီရာထူးတိုးရတဲ့အကြောင်းရင်းကြီးက ကို့ရို့ကားယာနိုင်လွန်းသည်!! ဘာသစ္စာရှိရှိပေးဆပ်တာလဲ!! ဒါတွေအကုန်လုံးက အတင်းပြောတဲ့သူတွေကြောင့်ဖြစ်ရတာပဲ!!!

ထွားကြိုင်းသော အတင်းပြောသူများအုပ်စုသည် လက်ခုပ်တီးလိုက်ကြ၏။
"အာ! လဲ့လေးရေ ဂုဏ်ယူပါတယ် ဂုဏ်ယူပါတယ်။နောက်ဆုံးတော့ မင်းလိုချင်တာရခဲ့ပြီ!"

လင်ယွမ်လဲ့- "..."

ထွားကြိုင်းသော ယောက်ျားကြီးများ: "ငါတို့အကွက်ရွေ့ပေးတာအတွက် ကျေးဇူးတင်ဖို့မလိုဘူးနော်! လူတိုင်းကညီအကိုတွေပဲ ဒါကငါတို့လုပ်သင့်တာလုပ်တာပဲလေ!"

လင်ယွမ်လဲ့သည် အတွင်းပိုင်းတွင် မထီမဲ့မြင်ပြုလိုက်၏။
'ဘယ်သူကမင်းတို့ကို ကျေးဇူးတင်ချင်လို့လဲ အာ!'

ထိုအစား ဟီးဟီးဟီး ဟုမျက်နှာရှုံ့၍ ရယ်လိုက်၏။

နောက်ဆုံးတွင် လင်ယွမ်လဲ့သည် အဖွဲ့အစည်း၏ အမြင့်ပိုင်းသို့ အောင်မြင်စွာ ဝင်ရောက်နိုင်ခဲ့၏။

သူလျှိုလာလုပ်တာ မရီးမဟုတ်ဘူး! [Completed]Where stories live. Discover now