ပြောပြောဆိုဆိုနှင့် ရိပေါ်၏မေးစေ့ကိုကိုင်ကာ
နှုတ်ခမ်းကိုကြည့်နေသည်။
ဝမ်ရိပေါ်ကတော့ ရင်ထဲ ရထားအစင်းတစ်ရာလောက်ခုတ်မောင်းနေသလိုလို
အသံတွေမြည်နေလေသည်။
"ဟာ... ရ ရတယ် ဆရာ ဘာမှမဖြစ်ဘူး
အဆင်ပြေသွားပြီ"
"ရရဲ့လား ဆရာဆေးလိမ်းပေးရမလား"
"ရ ရတယ်ဆရာ"
ဝမ်ရိပေါ် စကားတွေတောင် ထစ်အသွားလေသည်။
"ရိပေါ် အယ့်လိုတွက်ရတာမဟုတ်ဘူးလေ
ဆရာပြမယ်"
ရှောင်းကျန့်က ပြောပြောဆိုဆိုနှင့် ခဲတံကို
ဝမ်ရိပေါ်လက်ပေါ်မှအုပ်ကိုင်ကာ တွက်ပြနေလေ၏။
နဂိုတည်းကမှရင်ခုန်နပေါတယ်ဆိုမှ ရိပေါ်တယောက်ဇောချွေးပင်ပြန်လာရတော့သည်။
"ရ ရပြီဆရာ ကျွန်တော်တွက်တတ်ပြီ"
"သေချာရဲ့လား ရိပေါ်
နားလည်သွားပြီလား"
"ရတယ်ဆရာ ကျွန်တော်ဒီနေ့ စောစောနားချင်လို့
အယ့်တာ"
"အင်း ဆရာစောဆင်းပေမယ်
နေမကောင်းလို့လား
ချွေးတွေလည်းပြန်နေတယ်"
"မ မဟုတ်ပါဘူးဆရာ
စာတွက်လိုက်တာ ခေါင်းမူးသွားလို့"
"အစမလို့ပါကွာ နောက်ဆို တွက်စာတွေက အေးဆေးဖြစ်သွားမှာ နားမလည်တာရှိရင် ဆရာ့ကို ဖုန်းဆက်မေး
ဩော် မေ့တော့မလို့ ဆရာ့ဖုန်းနံပါတ်ပေးမယ် မင်းနံပါတ်ရောပြန်ပေး"
"ဟုတ် "
"အိုခေ ရပြီ ဆရာသွားတော့မယ် စာတွေပြန်တွက်ထားအုန်းနော် ဘိုင်"
"ဟုတ် ဆရာ"
ရှောင်းကျန့်ထွက်သွားပြီးနောက် အခန်းထဲ တယောက်တည်း ဗြောင်းဆန်နေလေသည်။ ကုတင်ပေါ်ခုန်တက်ပြီး ဝမ်းလျားမှောက်ကာ မျက်နှာကိုခေါင်းအုံးထဲနှစ်ပြီး အော်ဟစ်နေလေသည်။
"အားးးး.... ငါဘာဖြစ်နေတာလဲကွာ
ရင်ထဲကို ဗြောင်းဆန်နေတာပဲ
ငါ ငါ တကယ်ပဲ ဆရာ့ကို.....
အားးး ရူးချင်လာပြီ
မားရေ စာကြိုးစားပါ့မယ် ဂိုက်မယူချင်ဘူးလို့
သားချောလေးကို နှလုံးရောဂါရအောင်လုပ်နေတာလား"
ဝမ်ရိပေါ် တယောက်တည်းအခန်းထဲမှာ
အော်ဟစ်နေသည်။
ထို့နောက် weibo တွင် post တခုတင်လိုက်လေသည်။
ထိုpostက
"စွဲလမ်းသွားပြီ ကယ်ကြပါအုန်း" တဲ့ ........
************
To be continued... 💚❤
ဝမ်ရိပေါ် စာရှင်းနေတဲံ့ ရှောင်းကျန့်ကိုကြည့်နေတဲ့ပုံမျိုးလေး
Ups! Gambar ini tidak mengikuti Pedoman Konten kami. Untuk melanjutkan publikasi, hapuslah gambar ini atau unggah gambar lain.
Ups! Gambar ini tidak mengikuti Pedoman Konten kami. Untuk melanjutkan publikasi, hapuslah gambar ini atau unggah gambar lain.
မကောင်းမကန်းလေးကို အားပေးကြပါအုန်းနော် 😍
ကျေးဇူးတင်ပါတယ် 😘
29.1.2021 Friday
