ဒေါက် ဒေါက် ... ဒေါက် ဒေါက်
"ရိပေါ်... ဝမ်ရိပေါ် ဆရာပါ
ဝင်လာမယ်နော်"
ရှောင်းကျန့် တံခါးပွင့်လျက်မို့ဒီတိုင်းဝင်သွားလိုက်လေသည်။
ထိုစဉ် ရေချိုးခန်းထဲမှ ထွက်လာသောဝမ်ရိပေါ်နှင့်
တည့်တည့်တိုးလေသည်။
"အားးးးးးးးးး..........
ဆရာ!!!! ဘာလို့တံခါးမခေါက်ပဲဝင်လာတာလဲ!!!"
ရိပေါ် ရေချိုးခန်းထဲကထွက်အလာ ရှောင်းကျန့်နှင့်တန်းတိုးလေသည်။ အတွင်းခံနှင့်သာ ထွက်လာသည်မို့ ရှောင်းကျန့်ကိုမြင်တာနဲ့ ငယ်သံပါအောင်အော်လေသည်။
ပြီးတော့..... ဟိုကာ ဒီကာ နှင့်.....
"Sor...Sorry ရိပေါ်
ဆရာတံခါးခေါက်သေးတယ် မင်းကရေချိုးခန်းထဲမှာမို့မကြားတာနေမယ်
ဆရာလည်း အာ့ကြောင့်ဒီတိုင်းဝင်လာလိုက်တာ
ဆရာအပြင်ပြန်ထွက်ပေးရမလား"
"ရ ရတယ် ဆရာ
ကျွန်တော်ရေချိုးခန်းထဲပဲ သွားဝတ်လိုက်မယ်"
"အိုခေ"
*************
"ဒီနေ့ maths ကိုအရင်ရှင်းပေးမယ်
မင်းအတန်းမတက်ထားတာတွေရှိတယ်နော်
စာ လိုက်နိုင်ရဲ့လား"
"မဆိုးပါဘူး"
"ကဲ ဒါဆို ဒီ chapter-2 ကိုကြည့် #@$#@$#@$#@#$"
ရှောင်းကျန့်ကစာကို သေချာရှင်းပြနေသော်လည်း
ရိပေါ်လေးကတော့ တပည့်ကောင်းလေးပီသစွာ
တဖက်နားကဝင် တဖက်နားကထွက်သလို
အကြောင်းကတော့ ရှောင်းကျန့်နှုတ်ခမ်းကိုပဲ အကြည့်ရောက်နေ၍သာ......
"ရိပေါ် နားလည်လား? ဟင်...ရိပေါ်? ရိပေါ်...?
ဝမ် ရိ ပေါ် !!!!"
"ဟင် ..... ဘာ... ဘာလို့လဲ ဆရာ"
"ဟမ် မင်းစာထဲအာရုံမရဘူးလား
ဘယ်ရောက်နေတာလဲ စိတ်တွေက"
"နှုတ်ခမ်း"
ဝမ်ရိပေါ် အိမ်မက်မှလန့်နိုးလာသလို အယောင်ယောင်အမှားမှားနှင့် လွှတ်ခနဲ ထွက်သွားသည်။
"ဟင်? ဘယ်ကို?"
"ဟင်? အင်...? အဲ... ဟို ကျွန်တော့နှုတ်ခမ်းအရမ်းစပ်နေလို့ အယ့်တာကြောင့်"
"ဟုတ်လား ဘယ်လိုကြောင့်စပ်နေတာလဲ
အစပ်တွေစားထားလို့လား ပြ ဆရာ့ကိုပြကြည့်"
