" အဟမ်း ဒါကတော့ ဆရာမရဲ့အစား ခဏ သင်ပေးမယ့်
ဆရာပါ ဆရာ့နာမည်က Xiao Zhan တဲ့ မှတ်ထားကြနော် ဆရာကအရမ်းတော်တာ နိုင်ငံခြားကနေ မာစတာဘွဲ့ရပြီးပြီ
လိမ်လိမ်မာမာနေကြနော် ဆရာမကအရမ်းချီးကျူးထားတာ ဒီအတန်းက ကလေးတွေကို
ဟုတ်ပြီနော် ဒီနေ့ဆရာ စာစသင်လိမ့်မယ်
ကဲ ဆရာမသွားပြီ "
ဝမ်ရိပေါ်ကတော့ ဆရာမ ပြောသွား မှာသွားတာတွေကိုတစ်စက်လေးမှမကြားလိုက်
နားကြပ်တပ်ပြီးမျက်လုံးမှိတ်နေရင်းပဲ....
" အားလုံးပဲ မင်္ဂလာပါ
ဆရာ့နာမည်ရှောင်းကျန့်ပါ ဆရာ့ကိုအရမ်းရှိန်နေစရာမလိုပါဘူး လေးစားမှုတော့ရှိရမယ် ဘယ်အရာမဆိုပွငင့်ပွင့်လင်းလင်းလာတိုင်ပင်လို့
ရတယ်
ဒါဆို ဒီနေ့တော့စာမသင်သေးဘူး
တစ်တန်းလုံးနဲ့ရင်းနှီးသွားအောင် စကားလေးနည်းနည်းပါးပါးပြောကြတာပေါ့
ဘယ့်နှယ့်လဲ "
" အဆင်ပြေပါတယ် ဆရာကြီး "
အကုန်လုံးဝိုင်းအော်ပြောနေလည်း ဆရာဝမ်ကတော့မလှုပ်သေး
ရှောင်းကျန့်ကလည်းသတိထားမိနေသော်လည်း ပထမရက်မှာ ဘာမှမပြောချင်၍မမြင်ချင်ယောင်ဆောင်နေသည်
" ကဲ ဟုတ်ပြီ
နောက်ဆုံးကတစ်ယောက် "
"......."
"ဟေ့ကောင် ရိပေါ် ဝမ်ရိပေါ် "
ဘေးမှ သူငယ်ချင်းတစ်ယောက်ကလှမ်းရိုက်လိုက်၍ ဝမ်ရိပေါ်လန့်သွားကာ ဒေါသထွက်သွားသည်
" ဟေ့ကောင် မင်းကဘာဖြစ်ချင်နေတာလဲ ပြောစမ်း ငါ့လာရိုက်ရအောင် "
"......"
တစ်တန်းလုံး တိတ်ဆိတ်နေချိန် ရိပေါ်အသံမှာ ကျယ်လောင်စွာထွက်လာလေသည်
" ဟေး မင်း "
" ဟင်? ကျွန်တော့်ကိုလား? "
" အေး မင်းကိုခေါ်နေတာကြာလှပြီ ပြီးတော့ ကြည့်နေတာလည်းကြာပြီ နားကြပ်ကြီးတပ်ထားပြီးရှေ့ကဆရာ ဆရာမကိုဂရုမစိုက် နေနေလို့
မင်း ငါ့နာမည်ပြောစမ်း "
"... ဟို.... ဟို... "
အရှေ့မှ Zhuo Cheng က စာရွက်ပေါ်ခဲတံလေးနဲ့ရေးပြလိုက်မှ
