3

289 17 2
                                        

" ဟာ ဝမ်ရိပေါ် မင်းတကယ်နေမကောင်းဖြစ်သွားတာလားဟ? "

အိပ်ရာထဲကွေးနေသည့်ရိပေါ်အားကျိုးချန်တယောက်
စိတ်ပူသွားလေသည်
ရိပေါ်ကဖျားရင်တော်ရုံနဲ့အဖျားမကျ
နေမကောင်းလည်းဖြစ်ခဲပါတယ်

" အေး ငါရင်ဘတ်ကအောင့်နေတာ T_T ကယ်ပါဦး "

" လာ အာ့ဆို ဆေးခန်းသွားမယ် ECG တွေ ဓာတ်မှန်တွေအကုန်ရိုက်မယ် တော်ကြာရောဂါတစ်ခုခုဖြစ်ရင် ငါ့ကူးနေမစိုးလို့ "

" အေး ရောဂါ ရှိနေတာကွ ငါ့ကိုယ်ငါသိတယ် "

" ဟုတ်လား ဘာရောဂါလဲ ဘယ်ချိန်ကစဖြစ်တာလဲ
ကူးနိုင်ချေရှိလား"

" အေး အချစ်ရောဂါ တက်နေတာကွာ "

" ဟင်းအင်း..... ဒီကောင် ငါဆွဲထိုးလိုက်ရ
ငါကအဟုတ်မှတ်လို့စိတ်ပူသွားတာ သူတောင်းစားရဲ့
ဆဲပြန်ရင် ငါပဲအဆဲသန်တယ်ဖြစ်ဦးမယ် "

" ဆဲသန်တာက သန်တာပဲလေ အခုတောင်ဆဲပြီးပြီကို "

" အေး ငါကအဆဲတင်မဟုတ်ဘူး ဟိုဟာပါသန်တယ်
စမ်းကြည့်မလား "

" အော့ ရွံတတ်တယ် ငါကဆရာရှောင်းကိုပဲစမ်းချင်တာ "

ပြောရင်းနဲ့လျှာပါ သပ်ပြနေသေး
( မျက်လုံးထဲပုံဖော်ကြည့်ကြပါစို့)

" ဟာဒီကောင် မင်းနာမည်ပြောင်းလိုက်တော့
ဝမ်တော်တော်ဖြစ်ဆိုပြီး "

ဝမ်ရိပေါ်ကတော့ကျေနပ်နေတဲ့အပြုံးကြီးဖြင့်ပြောင်ပြနေလေသည်

×××××××

" ကိုကို မောနင်းပါ "

" အော် Zoey Meng မောနင်း
ဘယ်ချိန်ကပြန်ရောက်တာလဲ နေကောင်းလား "

" အင်း မနေ့ကပဲ
နေကောင်းပါတယ် ကိုကို့လွမ်းနေတာလေးတစ်ခုပဲ "

Zoey Mengဆိုသူကတော့မိဘချင်း
သဘောတူထားတဲ့သတို့သမီးလောင်းတဲ့လေ
တွေ့တာနဲ့ချွဲပြနေရော

" အဟမ်း Zoey...
ဘယ်လိုလုပ်နေတာလဲ ကျောင်းရှေ့မှာလေ
ပြီးတော့ကိုကဒီကျောင်းကဆရာဆိုတော့သိက္ခာကရှိသေးတယ် အပြုအမူတွေပြင်ပေးပါ "

" ဟာ ကိုကိုကလည်း Zoey ကအခုမှနိုင်ငံခြားပြန်လာတာကို နှင်လွှတ်နေပြီ ငိုလိုက်မှာနော်"

You are mine~~~~Where stories live. Discover now