5

119 16 3
                                        

တီ....တီ....တီ....တီ....

"ဟာကွာ အိပ်ကောင်းနေရင်လုပ်ပြီ
ဒီနှိုးစက်တော့ ငါလုပ်လိုက်ရ..."

ဝမ်ရိပေါ် အိပ်မှုန်စုံမွှားဖြင့်ထကာ
မျက်နှာသစ်ရေချိုးပြီး ကျောင်းသွားဖို့ပြင်ဆင်ရသည်

"မား... မနက်စာ ဘာရှိလဲ"

"ပေါင်မုန့်မီးကင်နဲ့ နွားနို့နဲ့ ပြင်ပေးထားတယ်"

"ဟာ....မားကလည်း မကြိုက်..."

"တော် အပိုတွေမပြောနဲ့ စားသွား"

စလာပါပြီ ဝမ်ရိပေါ် ချေလာသမျှ
သူ့အမားကိုတော့ မမှီဘူး
မစားချင်ပေမယ့် ကြိတ်မှိတ်စားလိုက်ရသောကြောင့်
နင်သွားသည်
သို့သော် နွားနို့ ရှိသေး၍ တော်သေးသည်

"သွားပြီ စားလို့မကောင်းပေမယ့် ကြိတ်မှိတ်စားခဲ့ပါတယ် မားရေ"

ဝမ်ရိပေါ်အထုမခံရအောင် တံခါးပေါက်ရောက်မှ အော်ပြီးပြေးလေသည်။

*******

"ဟျောင့် ရိပေါ် သားကြီး စောလှချည်လားကွ ဒီနေ့တော့"

"ဒီလိုပဲလေ ဝီရိယ ရှိတဲ့ လူဆိုတာ ဒီလိုပဲဖြစ်နေရမှာပေါ့"

"ခွီးးးးးး ငါပြောလိုက်ရမကောင်းရှိတော့မယ် အဆောင်မှာဆိုရင် ငါနှိုးမှကျောင်းမှီတဲ့ကောင်ကများ လာသေးတာ"

"ဟာ အယ့်တာမင်းကြောင့်လေ မင်းအကျင့်တွေကူးသွားတာ"

"ခွေးကောင် ပရမ်းပတာတွေတော်တော်တတ်
ဒါနဲ့ ဆရာရှောင်းကျန့် ခွင့်ယူထားတယ် ဒီနေ့ မင်းရှောင်စရာမလိုဘူး ပြောမလို့ လို့..."

"ဟင် ဘာလို့လဲ ဘာလို့ခွင့်တိုင်တာလဲ နေမကောင်းလို့တဲ့လား ဘာဖြစ်လို့တဲ့လဲ ပြောစမ်း မြန်မြန်"

ဝမ်ရိပေါ် ကျိုးချန်အင်္ကျီကိုဇွတ်အတင်းဆွဲပြီး မေးလေတော့သည်

"ဟ ဟ အေးဆေးပေါ့ကွာ မင်းကလည်း ဇွတ်ကြီးပဲ
တော်တော်ဖြစ်နေ"

"အဟမ်းး... အဟမ်း ငါ နည်း.. နည်းနည်း စိတ်ပူသွားလို့ပါကွာ"

"နည်းနည်း ဟုတ်လို့လား များများဖြစ်သွားတာမဟုတ်ဖူးလား"

You are mine~~~~Where stories live. Discover now