• 3 •

3K 342 27
                                    

[Unicode]

Jungkook ကို ခေါ်လာပြီးတဲ့နေ့ထဲက
အမေက သည်းသည်းလှုပ်နေတာကြောင့် အာ့ကလေးရဲ့အပြုံးလေးတွေကို နေ့ဆက်မြင်နေရသည် စာလည်းတော်တော်ကြိုးစားတာမို့ တစ်အိမ်ထဲနေပြီး ကျောင်းချိန်တောင် မှီအောင်မနည်းဖမ်းရသည်
ဒီနေ့ကျ မသွားသေးတာမို့ တူတူသွားဖို့စကားစမိသည်

်'Jungkook ကျောင်းသွားမှာမလား အကို နဲ့တူတူသွားရအောင်'

"ရပါတယ် အကို ဆေးရုံသွားဖို့နောက်ကျနေမှာပေါ့"

'မနောက်ကျပါဘူး jungkook ကိုလိုက်ပို့ပေးပြီးတာနဲ့ Namjoon ကိုခေါ်ပြီးတူတူသွားလိုက်မယ်'

"ဟုတ်ကဲ့ အကို"

အကိုနဲ့လမ်းလျှောက်နေရငိး အကို့ဘက်ကဘာမှမပြောတာမို့ ရေရေရာရာမရှိပေမဲ့ စကားစမိသည်

"Hyung တို့က သားမိနှစ်ယောက်တည်းရှိတော့တာလား ပြီးတော့ Namjoon hyung နဲ့ခင်တာကြာပြီလား"

'မဟုတ်ဘူး Jungkook အကို့ရဲ့ မိသားစုနောက်ကြောင်းကရှုပ်တယ် jungkook သိချင်ရင်ပြောပြပါ့မယ်'

"အဆင်ပြေမှ ပြောပါ အကို ကျွန်တော်က ဒီတိုင်းမေးလိုက်တာပါ အဆင်မပြေလည်းရပါတယ်"

'အကိုတို့က မိသားစုလေးယောက် အဖေ အမေ ပြီးတော့ အကို နဲ့ အကို့ရဲ့hyung
Appa ကပိုက်ဆံအရမ်းချမ်းသာတယ် ပြီးတော့ အရမ်းရှုပ်တာ ညတိုင်းအရက်တွေသောက်တယ် မိန်းမတွေ နဲ့ တူတူအိပ်တယ် အကို့ ကိုမွေးပြီးတော့ပိုပိုဆိုးလာတယ် အမေ နဲ့လည်းညတိုင်းရန်ဖြစ်တယ် ပိုဆိုးတာက အမေ့ ကိုရိုက်တယ် ပြီးတော့ အကို့ ကိုဆိုလည်းနည်းနည်းလေးမှကိုအကောင်းမပြောဘူးမကျေနပ်ရင် ထိုးတာပါခံရတယ် အကို ကသူ့သားမဟုတ်ဘူးတဲ့ အမေက အကို့ ကို ပြောတာမကြိုက်လို့ ပြီးတော့ အဖေရဲ့ ရဲ့ဒဏ်တွေကိုမခံနိုင်တော့လို့ ကွာရှင်းဖို့လုပ်တော့
Hyung က အဖေ နဲ့ နေခဲ့ပြီး အကိုက အမေ နဲ့လိုက်လာခဲ့တာ အိမ်ကထွက်လာတာ အခုဆို 10 နှစ်ကျော်ပြီ အကို့အဖေကတော့ဆုံးသွားတာ3နှစ်ရှိပြီ အမွေတွေကိုတော့ အကို တို့သားအမိအတွက်ထားပေးခဲ့ပေမဲ့ အမေ ကမယူဘူး Hyung ကတော့ အမွေကိုအကုန်လုံးနီးပါးရသွားတယ်ကြားတယ် အကိုတို့လည်းမတွေ့ဖြစ်တာ အဖေ ဆုံးပြီးတည်းကပဲ ဒါအကုန်ပဲ Namjoon ကတော့ ဆေးကျောင်းတက်ရင်းခင်တာ သူက ကျောင်းမှာ ညဏ်အရမ်းကောင်းပြီး ကောင်မလေးတွေအသည်းစွဲလေ ပထမကကြည့်မရပေမဲ့ နောက်ပိုင်းတွေမှာ သဘောကောင်းပြီးအနစ်နာခံတတ်လို့ အရမ်းကိုချစ်ကြတဲ့ သူငယ်ချင်းတွေဖြစ်သွားတာ'

Pain (✔)Where stories live. Discover now