ရီရှင်းလက်ကိုဆွဲကာ ကျန်းအိမ်တော်သို့ ဝံ့ဝံ့ကြွားကြွား တက်မည့် စိတ်ကူးများသည် ဖန်စများနှယ် တစစီကွဲကြေသွားသည်။
အခုတော့ ဂျွန်မြောင်မှာ ငါးပေါင်မုန့်ကို ပိုက်ထားရုံသာ တတ်နိုင်တော့သည်...။
.........
"ဟေး မစ္စတာ... ကျွန်မဆွဲကြိုး ပျောက်သွားလို့ ကျေးဇူးပြုပြီး ကူရှာပေးနိုင်မလားမသိဘူး...?"အပြာနုရောင်ဂါဝန်နှင့် အမျိုးသမီးငယ်က ဂျွန်မြောင့်ရှေ့တွင်ပေါ်လာသည်။ နတ်သူငယ်ဆန်ဆန်နားရွက်များက ငွေမှင်ရောင်ဆံနွယ်ထက်တွင် ထိုးထိုးထောင်ထောင်...။
"ကျွန်မက အယ်လာပါ။ ဟိုးရှေ့က တောင်ပေါ်မှာ ဆေးရွက်ခူးနေတာ။ ကျွန်မ ခူးမပြီးခင် တောင်အရပ်က မှင်စာတွေက ကျွန်မဆီကို ရောက်လာကြလို့ ထွက်ပြေးရင်း လမ်းမှာ ကျကျန်ခဲ့တယ်ထင်တယ်။ အဘွားမဆုံးခင် ပေးထားခဲ့တဲ့ ပစ္စည်းမို့ ကူရှာပေးလို့ အဆင်ပြေမလားရှင်.."
ထိုအမျိုးသမီးငယ်နောက်သို့ ဂျွန်မြောင်လိုက်ရန် ဆုံးဖြတ်လိုက်ချိန်မှာပဲ ရင်းနှီးနေသော အသံက နားထဲသို့ ဝင်လာသည်။
"အင်ဂျွန်းနား...ငါ့အလှည့်ရောက်ပြီလေ။ မင်းပဲ တစ်ယောက် တစ်နာရီလို့ ပြောထားတယ်မဟုတ်လား"
"ခဏနေရင် ငါပေးမယ်လို့ပြောထားတယ်လေ။ ငြိမ်ငြိမ်နေစမ်းကွာ။ အာရုံနောက်လိုက်တာ"
"မင်းပြောတဲ့ ခဏဆိုတာ နာရီဝက်နီးပါးဖြစ်နေပြီလေ။ မဖယ်ပေးရင်လည်း ငါ့ပိုက်ဆံတော့ ပြန်ပေးကွာ"
အခြေအတင်ဖြစ်နေသော ကောင်လေးနှစ်ယောက်တည်းမှ တစ်ယောက်သည် ရီရှင်းနှင့် တူလှသည်။
လေးထောင့်မျက်မှန်နှင့် လည်ပင်း၌ ကြိုးပေါင်းစုံဆွဲထားသော ရီရှင်းသည် ဂျွန်မြောင့်အိမ်မက်ထဲမှ ရီရှင်းအူကြူးကြူးနှင့် လားလားမျှမဆိုင်။
YOU ARE READING
ဒီနေ့
Fanfictionစကြာဝဠာတွင်းနက် သုံးခုလောက် ဖြတ်ကျော်ရသလို ခံစားချက်နှင့် ဂျွန်မြောင်နိုးလာချိန်တွင်မူ မျက်စိရှေ့တွင် မြစ်ရေတိုက်မည့် မုန့်ဘွားဘွားရော ရေနွေးကြမ်းတိုက်မည့် သေမင်းပါမရှိခဲ့။ အဲ့အစား အဖြူရောင်မျက်နှာကြက်တစ်ခုသာရှိသည်။ ဟုတ်သည်...ဂျွန်မြောင်က တစ်ဖန်ပြန်...