"ဘတ်ဟျွန်း...ဟိုလေ၊ ငါ မင်းနဲ့ ထမင်းတူတူစားလို့ရမလား။ ကန်တင်းသွားဖို့တစ်ယောက်တည်းဖြစ်နေလို့"
"အင်း...ရပါတယ်။ ငါက ဂယောင်ဆူးနဲ့တူတူစားတာလေ။ ဟိုနောက်ဆုံးတန်းက အရပ်ရှည်ရှည်နဲ့နှစ်ယောက်ရော။ ပြတင်းပေါက်ဘက်မှာထိုင်တာ ပတ်ချန်းယောလ်တဲ့၊ ဒီဘက်ကအိုဆယ်ဟွန်း။ ငါတို့လေးယောက် စာသင်ခန်းထဲမှာပဲစားကြတာ"
စာအုပ်တွေကို စားပွဲခုံအတွင်းအံထဲပြောင်းထည့်လိုက်ပြီး ထမင်းဘူးနှစ်လုံးကို စားပွဲပေါ်တင်လိုက်သည်။ ဟွမ်အီဂျောင်ဆိုတဲ့ကျောင်းသားသစ် သိသင့်သိထိုက်တာတွေကိုလည်း ဘတ်ဟျွန်းရှင်းပြနေရသေး၏။ ဟွမ်အီဂျောင်ကလည်း ထမင်းဘူးထုတ်နေချိန်မှာပဲ ချန်းယောလ်၊ ဆယ်ဟွန်းနဲ့ ဂယောင်ဆူးပါ ဘတ်ဟျွန်းဘေးဝိုင်းလာကြသည်။ ချန်းယောလ်က ဘတ်ဟျွန်းလက်ထဲက ထမင်းဘူးကိုဆွဲယူပြီး စားဖို့ပြင်ဆင်ပေးသည်။ ဆယ်ဟွန်းက ထိုင်ခုံဆွဲပြီးပေမယ့် မထိုင်သေးသလို ဂယောင်ဆူးကလည်း ခေါင်းကုတ်ပြီးကြည့်နေသည်။
"ဆယ်ဟွန်း၊ ဂယောင်ဆူး ထိုင်လေ။ အီဂျောင်ကတစ်ယောက်တည်းဖြစ်နေလို့ ငါတို့နဲ့တူတူ ထမင်းစားလိမ့်မယ်"
ဘတ်ဟျွန်းလှုံ့ဆော်လိုက်မှ ဂယောင်ဆူးက အီဂျောင်နဲ့မျက်နှာချင်းဆိုင်ဝင်ထိုင်သည်။
"ဘွားက ဒီနေ့ ကြက်ဥပေါင်းနဲ့ ကြောင်လေးတွေစားတဲ့ငါးကြော်ပေးလိုက်တာ သိလား ချန်းယောလ်လီ"
"ဘတ်ဟျွန်းနီးအများကြီးစားတော့မှာပေါ့"
"အင်း...ဒါပေါ့ ဟိဟိ"
"ဟို... ထည့်စားကြနော်"
အီဂျောင့်အသံကမရဲတရဲ။ ဂယောင်ဆူးကိုလှမ်းကြည့်ပြီး ဘတ်ဟျွန်းမျက်ရိပ်မျက်ခြည်ပြရသည်။ ချန်းယောလ်က ဘတ်ဟျွန်းကိုပဲကြည့်နေသလို ဆယ်ဟွန်းကလည်း လူသစ်တွေနဲ့မရင်းနှီးတတ်။
"အီဂျောင်လည်းထည့်စားနော်။ ကန်တင်းက လူများတော့ ငါတို့က ဒီမှာပဲစားနေကြ"
"အင်း ဂယောင်ဆူး ကျေးဇူးနော်"
အီဂျောင်ထမင်းဘူးကို ဘတ်ဟျွန်းဝေ့ကြည့်လိုက်သည်။ အမဲသားကြော်၊ မုန်ညင်းရွက်တစ်ခွက်နဲ့၊ ကြက်ဥလိပ်အပြင် ငါးသေးသေးလေးတွေကြော်တာလည်းပါသည်။
YOU ARE READING
Love is in the Air
FanfictionThe love Story between two human beings. Cover By: Moe Yeik Nyo