part-30 [ Z+U ]

5.5K 610 26
                                    


Unicode

လက်ထပ်မင်္ဂလာပွဲ...

လက်ထပ်ပွဲကိုဘုရားကျောင်းအသေးလေးမှာပဲရိုးရိုးရှင်းရှင်းပြင်ဆင်ထားတယ် ဝူချန်းရဲ့စနစ်ကြောင့်လူအနည်းငယ်ကိုသာဖိတ်ကြားထားတယ်။ လောလောဆယ်တော့ဝူချန်းသူ့ရှေ့ကပန်းစည်းကိုကြည့်ပြီးဒေါသထွက်နေတယ်။

ငါကဘာ့ကြောင့်ပန်းစည်းကိုင်ရမှာလဲ သေတောင်မကိုင်ဘူး သူ့ကိုယူတာတောင်လွန်လှနေပြီ ပန်းစည်းပါကိုင်ရမယ်ဆိုတာကတော့... ငါ့ကိုဒေါသထွက်လွန်ပြီးသေစေချင်နေတာဖြစ်လောက်တယ်။

ဝူချန်းအရိပ်အကဲကြည့်နေတဲ့ရှင်းပိုင်ကဝူချန်းပန်းစည်းမကိုင်ချင်တာချက်ချင်းသိတယ် ဒါကြောင့်ခပ်တည်တည်နဲ့ပန်းစည်းကိုလက်လွှဲယူလိုက်တယ် သူ့ကိုမျက်လုံးအဝိုင်းသားနဲ့မော့ကြည့်လာတဲ့ဝူချန်းကိုလည်းပြုံးပြဖို့မမေ့ ဟိုဘက်ကတော့မျက်စောင်းကြီးပဲရလိုက်တယ်

ကိစ္စမရှိပါဘူး crushရဲ့မျက်စောင်းထိုးခံရတာတော်ရုံကံကောင်းမှုလား ဒါသူ့ကိုအထာတွေပေးနေတာပဲ ဟင်း ဟင်း

ဒီလိုနဲ့ပန်းစည်းကိုင်ရတဲ့လူဟာရှင်းပိုင်ဖြစ်သွားရတယ်

ဖာသာရဲ့အရှေ့မှာကတိကဝတ်ပြုပြီးကြတော့လက်ထပ်လက်စွပ်အပြန်အလှန်ဝတ်ပေးကြရတယ် ဝူချန်းဘယ်အချိန်စိတ်ဖောက်ပြီးထွက်ပြေးမလဲရင်တမမနဲ့ကြည့်နေရပေမယ့် တော်သေးသည်ကအခမ်းအနားပြီးတဲ့အထိဗရုတ်သုတ်ခတွေမတွေ့လိုက်ရပါပေ
ရှင်းပိုင်ရဲ့မျက်နှာကြီးကတော့တစ်လောကလုံးကိုအပိုင်ရသွားသလိုပဲ

ရှောင်းကျန့်သူ့လက်ကိုလည်းပြန်ငုံ့ကြည့်မိတယ် သူ့ရဲ့ဘယ်ဘက်လက်သကြွယ်မှာတော့ဘာမှရှိမနေ

ငါတို့ကဒီအတိုင်းစာချုပ်မှာပဲလက်ထပ်ထားရသေးတာပဲ  လက်ထပ်လက်စွပ်တောင်မရှိသေးဘူး လို့တွေးမိတော့နည်းနည်းတော့ဝမ်းနည်းသွားတယ်လို့ထင်လား အဲ့လူကြီးကိုစိတ်တိုသွားတာ
တွေ့မယ် ကပ်စည်းနည်းကြီးလက်စွပ်လေးတစ်ကွင်းတောင်လုပ်မပေးချင်ဘူး အဲ့လက်မောင်းကြီးကိုဆွဲပြီးကိုက်ပစ်ချင်လိုက်တာ ပြောရင်းသွားတောင်ယားလာသလိုပဲ သေနာကြီး ညစာလုံးဝမကျွေးဘူးမှတ် ဟင်း ဟင်း

𝑴𝒚 𝒇𝒂𝒓𝒎𝒆𝒓 𝒉𝒖𝒔𝒃𝒂𝒏𝒅 𝑽𝒊𝒍𝒍𝒂𝒈𝒆 𝑴𝒐𝒏𝒆𝒚𝒃𝒂𝒈𝒔(ᴇᴅɪᴛɪɴɢ✔︎)Onde histórias criam vida. Descubra agora