part-29 [ Z+U]

5.7K 643 28
                                    


Unicode


အား ကျွတ်စ် ကျွတ်စ်

ရှောင်းကျန့်နိုးလာတော့ခေါင်းတွေအုံပြီးတစ်ကိုယ်လုံးနာကျင်နေတာပဲ။ဘာဖြစ်လို့လဲစဉ်းစားကြည့်တော့တစ်ဖြည်းဖြည်းနဲ့ပေါ်လာတဲ့မှတ်ဉာဏ်တွေကြောင့်မျက်နှာကြီးနီရဲလာတယ်

ငါ ညက ဘယ်လိုတောင် အရှက်မဲ့နေခဲ့ရတာလဲ!!!

......

မနေ့ကည

ရှောင်းကျန့်ကတော့အိမ်နားရောက်လေအသံကပိုကျယ်လာလေပဲ ရိပေါ်မှာအမေတို့သိမှာကြောင့်တိုးတိုးနေရန်မနည်းချော့မော့ပြောကာမှဇက်ကလေးပုလို့ငြိမ်လိုက်လာတယ်။ အခန်းထဲကိုအမြန်ဝင်ပြီးကုတင်ပေါ်ချပေးလိုက်တော့ဆန့်ဆန့်ကြီးအိပ်နေပြီးမှငေါက်ခနဲပြန်ထလာကာရိပေါ်ရဲ့ပေါင်ပေါ်မျက်နှာချင်းဆိုင်တက်ထိုင်ပြီးလည်ပင်းကိုသိုင်းဖက်လိုက်တယ်။ရီဝေဝေအကြည့်တွေနဲ့ကြည့်လာတဲ့မျက်ဝန်းသွယ်တွေကြောင့်ရိပေါ်အသက်ရှူမှားမတတ်ပဲ။ အဲ့ဒါထက်။။

"ကိုကို~~"

ငြူတူတူသံရှည်ဆွဲခေါ်သံကြောင့်ရိပေါ်သွေးတို့ဆူပွတ်လာတယ်။ ရှောင်ဂကျန့်ကကိုကိုလို့ခေါ်တိုင်းအသက်ရှူရပ်မတတ်နှလုံးခုန်သွားရတာသူအသိဆုံး အဆိုးဆုံးကချွဲချင်တဲ့အခါနဲ့စိတ်ကောင်းဝင်တဲ့အခါခေါ်တဲ့အသံကပိုပြီးတောင်ရင်ခုန်စေတယ်။သူအခုချိန်ကြမ်းရမ်းပစ်လိုက်ချင်ပေမယ့် ငမူးလေးအလိုကျကစားပေးလိုက်တယ်။

"ဘာအလိုရှိလို့ပါလဲ ကျန့်ငယ်ငယ်"

"ကျွန်တော့်ကိုနမ်း"

"ဘယ်လို!"

ရိပေါ်မျက်လုံးပြူးသွားရတယ် သူ့ကျန့်ငယ်ငယ်လေးကတစ်ကယ်မူးနေတာပဲ

"နမ်း...လို့... ဘာလဲ ကိုကိုက ကလေးကိုမနမ်းချင်ဘူးလား ဟင့် အဟင့် သိပါတယ်ကိုကိုကကျွန်တော့်ကိုမုန်းနေတာမလား ဟင့်"

"ဟာ မဟုတ်တာ ကိုယ်ကဘာ့လို့ကလေးကိုမုန်းရမှာလဲ"

"အင့် အ့ဆိုဘာ့လို့မနမ်းလဲ"

ရိပေါ်ကူရာမဲ့စွာပြုံးလိုက်တယ်။ မူးနေတာလေးကချစ်စရာလေး တော်သေးတာပေါ့လယ်ကွင်းမှာတုန်းကဒီလောက်ချစ်ဖို့ကောင်းအောင်ရစ်မနေလို့ နို့မို့ဆိုသူများတွေမြင်ကုန်မယ် သေလောက်အောင်အူတိုချင်စရာလေး။

𝑴𝒚 𝒇𝒂𝒓𝒎𝒆𝒓 𝒉𝒖𝒔𝒃𝒂𝒏𝒅 𝑽𝒊𝒍𝒍𝒂𝒈𝒆 𝑴𝒐𝒏𝒆𝒚𝒃𝒂𝒈𝒔(ᴇᴅɪᴛɪɴɢ✔︎)Where stories live. Discover now