part-15 [ Z+U ]

8.4K 897 20
                                    

Zawgyi

ရေယူပြီးပြန်လာ​တော့ ကိုယ်​တော်ကအားမရှိလို့မလှုပ်နိုင်ပါဘူးဆိုလို့ မျက်နှာသစ်​ပေးရ​သေးတယ်

ဒါကိုမျက်နှာကြီးပြုံးဖြီးပြီးငြိမ်ခံ​နေတဲ့ရုပ်ကိုက ဆွဲကုတ်ချင်စရာ အမြင်ကပ်လို့မဟုတ်ပါဘူး အသဲယားလို့

မျက်နှာသစ်ပြီး​တော့သုတ်ဖို့ပုဝါတစ်ထည်​ပေးကာ​အောက်ထပ်ကိုဆင်းဖို့အလုပ် ​နောက်က​နေလက်ကိုဆွဲထားပြန်တယ်

"ဘာလဲ ဘာလိုပြန်ပြီလဲ"

"ဘယ်သွားဖို့လဲ"

"​အောက်ကို ခင်ဗျားစားဖို့ဆန်ပြုတ်သွားလုပ်မလို့"

ဘယ်လိုဖြစ်​နေမှန်းမသိဘူး ခဏခဏအသားလာမကိုင်နဲ့ဗျ ရင်တုန်လို့​သေ​တော့မယ်

"ဆန်ပြုတ်မစားချင်ဘူး"

"ဘာစားချင်လဲ"

"​ခေါက်ဆွဲပြုတ်"

"ပြီး​ရော လက်ကိုလွှတ်​ပေးအုံး"

ထိုအခါမှရိပေါ်က လက်ကိုလွှတ်​ပေးလိုက်တယ် ပြီး​တော့​ပြောသေးတယ်

"ကိုင်ချင်လို့ကိုင်တာမဟုတ်ဘူးနော် ငါကဘာမှမလုပ်နိုင်​တော့မင်းကိုခိုင်းမလို့" တဲ့ ဘယ်လိုရိုက်​ပေါက်​တွေလဲလို့ ငါ့ထက်အသက်ကြီးလို့သာပေါ့ ဟင်း  အငယ်သာဆိုနားရင်းအုပ်ပြီး​နေပြီ

ဒါ​ပေမယ့် အခုချိန်မှာသူကလူနာဆို​တော့လည်း ဘာမှမ​ပြော​တော့ပါဘူး

မီးဖိုခန်းမှာ အလုပ်ရှုပ်​နေ​သော ရှောင်းကျန့်ခေါက်ဆွဲပြုတ်​ပေးမယ်သာ​ပြောတာ သူလည်းမပြုတ်တတ်ဘူး
ဝမ်အ​မေက ပြုတ်​ပေးမယ်​​ပြောပေမယ့် ရပါတယ်လို့ ​ပြောလိုက်မိတဲ့ပါးစပ်ကြီးကိုသာ ဆွဲဖြဲပစ်ချင်​တော့တယ်

"ဘယ်လိုလုပ်ရမှာလဲ ဘယ်ကစရမှာလဲ
အာ...ဟုတ်ပြီ"

ထို့​နောက် Google မှာခေါက်ဆွဲပြုတ်နည်းကြည့်ပြီးပြုတ်လိုက်​တော့
မွှေးကြိုင်၍အရသာရှိမည်ထင်ရ​သော ​ခေါက်ဆွဲပြုတ်တစ်ပန်းကန်ရရှိသွား​လေသည်။

အခန်းထဲကို​ခေါက်ဆွဲပြုတ်တစ်ပန်းကန်နဲ့​ရောက်လာတဲ့ ရှောင်ကျန့်က ငါခေါက်ဆွဲပြုတ်တတ်ပြီကွလို့သူ့ကိုယ်သူဂုဏ်ယူ​နေတဲ့မျက်နာ​ကြီးနဲ့

𝑴𝒚 𝒇𝒂𝒓𝒎𝒆𝒓 𝒉𝒖𝒔𝒃𝒂𝒏𝒅 𝑽𝒊𝒍𝒍𝒂𝒈𝒆 𝑴𝒐𝒏𝒆𝒚𝒃𝒂𝒈𝒔(ᴇᴅɪᴛɪɴɢ✔︎)Where stories live. Discover now