"အောက်မှာ စောင့်နေမယ်နော်'

"အေး"

'အမေ သား Namjoon နဲ့ bar သွားမလို့'

"သွားလေ မိုးမချုပ်စေနဲ့ ပြီးတော့ မဟုတ်တာလျှောက်မလုပ်နဲ့ဦး"

'ဟုတ်ကဲ့ ဘာကိုလုပ်ရမှာလဲ အမေ
ကလည်း'

"မိန်းကလေးတွေနဲ့ မရှုပ်နဲ့လို့ပြောနေတာ"

'ဟုတ်ကဲ့ မလုပ်ပါဘူး'

အမေ့ပါးကို တချက်နမ်းပြီး အပြင်ထွက်လာလိုက်တော့ အပေါ်ကနေ ဆင်းလာတဲ့ ကောင်လေး မျက်နှာကလည်း ဖြူဖျော့နေတုန်းပင် ဘာကစပြောရမှန်းမသိတာမို့ အပြင်သွားမယ်ဆိုတာသိလျက်နဲ့မေးမိခြင်း

'jungkook shi အပြင်သွားမလို့လား'

"N..ae"

အသံကလည်းမကြားရလောက်အောင်ကို ဖျော့တော့တော့မျက်နှာလေးနဲ့ဖြေလာတဲ့ကောင်လေး
လုံးဝမသက်သာသေးပဲနဲ့ကို ဒီကောင်လေးကတကယ်ခေါင်းမာလွန်းနေသည်

'အဆင်ပြေရဲ့လား'

".........."

'ချိန်းထားတာရှိလို့ သွားလိုက်ဦးမယ်နော်'

နှုတ်ဆက်ပြီးသွားဖို့လုပ်တဲ့အချိန်မှာ ရုပ်ကြိုးပျက်လဲကျသွားတဲ့ ကောင်လေးကြောင့် အမြန်ပြေးပွေ့မိသည် ခေါ်နေပေမယ့်လည်း ဘာမှထူးမလာတာကြောင့် ဆေးရုံတခါတည်းတန်းပို့ဖို့ကို ချီဆင်းလာရသည်

'Namjoon ဆေးရုံကိုသွားရအောင် ငါအရေးကြီးနေလို့'

'Imm Seokjin သူကဘယ်သူလဲ"

'စကားများမနေနဲ့ ပြီးမှပြောပြမယ် ဆေးရုံကိုမြန်မြန်မောင်း'

သူ့ကိုလည်းမောင်းပို့ပေးရမယ့်အပြင် အဟောက်ပါခံရသေးတာကြောင့် Namjoon မျက်စောင်းတချက်သာထိုးပြီးအမြန်မောင်းရသည် ထပ်အအော်ခံရလို့တော့မဖြစ်

-*-*-*-*-
ဆေးရုံရောက်တော့ အပြင်မှာပဲ စောင့်နေဖို့ပြောတာကြောင့်ထိုင်စောင့်နေမိသည်
ခဏအကြာမှ ဇာတ်တွေဘာတွေချိုးရင်းထွက်လာတဲ့
Seokjin ကြောင့် အခုနကကိစ္စ စကားဆက်မိသည်

"အဆင်ပြေရဲ့လား ဟိုကောင်လေး"

'ပြေပါတယ် အားဆေးပဲ ချိတ်ပေးထားတယ်'

Pain (✔)Where stories live. Discover now