"DNA အဆင်သင့်ဖြစ်ပြီလားရှင့်"

"-------------"

"​ကောင်းပါပြီ။ မနက်ဖြန်လာယူမယ်​နော်။ ကျေးဇူးပါ"

"--------------"

"​ကောင်းပါပြီ။ ဒါပဲ​​နော်"

လိုအပ်သည့် စာရွက်စာတမ်းတို့ အဆင်သင့်ဖြစ်ရဲ့လား အတည်ပြုပြီး​နောက် ဖုန်းကိုလိုင်းဖွင့်ကာ နောက်ထပ်တစ်စုံတစ်ယောက်ထံသို့ဆက်​​ခေါ်လိုက်သည်။

"ဟယ်လို"

ဖုန်းဝင်သွားတာနဲ့ ချက်ချင်းပင် တစ်ဖက်မှလူက သူ(မ)ဖုန်းကို ​ဖြေ​သေးတာ​ကြောင့် သူ(မ)​ကျေနပ်မိပါရဲ့။

"ဟယ်လို ရိုစ့်!"

"ဟုတ်ကိုကို"

"အင်း ပြော​လေ။ ဘာကိစ္စများရှိလို့လဲ"

"ရိုစ့်သန်ဘက်ခါ​လောက်မြန်မာပြည်ပြန်​ရောက်မယ်ကိုကို။ အယ့်တာလာကြို​ပေးလို့ရမလားဟင်"

"ဒါ​ပေမဲ့"

"ကို့ကို့ကို ရိုစ့်အပြစ်​​ပေးရဦးမယ်​လေ။ လာခဲ့​ပေးပါ"

"​​ကောင်းပါပြီ"

"ဟုတ်ပြီ။ ဒါပဲ​နော်ကိုကို ​ကျေးဇူး"

"အင်း"

ဖုန်းချသွားပြီးသည်နှင့် သူ(မ)လှပစွာပြုံးလိုက်သည်။ အရာအားလုံး အဆင်သင့်ဖြစ်ပြီမို့ သူ(မ)ရဲ့ပိုင်နိုင်တဲ့သရုပ်​ဆောင်စွမ်းရည်သာလို​တော့သည်။

တစ်ဖက်တွင်....

"ဘယ်သူလဲကိုကို"

"ရိုစ့်ပါ။ သူသန်ဘက်ခါပြန်လာမို့ လာကြို​ပေးပါလားတဲ့။ အယ့်တာ​ရောင်​လေး"

"​ရောင်ဘာမှမဖြစ်ပါဘူးကိုကိုရဲ့ သွားလိုက်။ မရိုစ့်ကိုလည်း သေချာထပ်​တောင်းပန်လိုက်​​နော်"

"​ရောင်​လေး တကယ်အဆင်​ပြေရဲ့လား"

"​ပြေ​တာ​ပေါ့​။ ရောင်ကမရိုစ့်ကို​တောင် အရမ်းအားနာ​နေတာ။ သူလည်းမိန်းမသားတ​စ်ယောက်ပဲ​လေ။ ရောင်နားလည်ပါတယ်။ ကိုကိုစိတ်​​ဖြောင့်​​ဖြောင့်သွား​နော်"

"အင်း​ကျေးဇူးက​လေး။ ကိုယ့်ကိုနားလည်​ပေးလို့"

"​အယ့်တာဆို ကျေးဇူးကိုကို ရောင့်ကိုချစ်​​ပေးလို့။ ဟီးဟီး"

💓ချစ်ရပါ​သောရှပ်ပြာ​လေး💓 (Completed)Where stories live. Discover now