"တူ...တူ....တူ..."

​နေယံထွက်သွားပြီး သိပ်မကြာလိုက်ပါ။ လ​ရောင်ဖုန်းထဲသို့messageဝင်လာသံ​ကြောင့် ကြည့်မိ​တော့ ​နေယံ့အတွင်း​​ရေးမှူူးကိုဘုန်းထံမှ။ တစ်ခါမှmessageပို့တာ၊ ဖုန်း​ခေါ်တာမလုပ်ဖူးသူမို့ အ​ကြောင်းကိစ္စတစ်စုံတစ်ခုများရှိ​လေမလားဟု​တွေးကာ ထိုmessage​လေးကိုအမြန်ဖွင့်ကြည့်လိုက်သည်။ ထိုအခါ ဖုန်းScreenထက် ​နေရာယူထား​သော စာစုရှည်တစ်​​စောင်

""လ​ရောင် အကိုဝင်မပါသင့်ဘူးဆိုတာသိ​ပေမယ့်လည်း မင်းသိသင့်မယ်ထင်တာ​လေးရှိလို့ပါ။ bossကလတိုင်းဒီ​နေ့ဆိုသူ့ဆုံးသွားတဲ့မိသားစု​တွေကိုသွား​တွေ့တက်တယ်။ ပြီးရင်အရင်ကကိစ္စ​တွေကို သတိမရ​အောင်ဆိုပြီးအရက်​တွေအမူး​သောက်တက်တယ်ညီ​လေး။ bossတို့မိသားစုက သူတက္ကသိုလ်ဒုတိယနှစ်မှာ မိသားစုခရီးသွားရင်းကားတိုက်ခံခဲ့ရတာ​လေ။ အယ့်မှာbossမိဘ​တွေက​တော့ပွဲချင်းပြီးဆုံးသွား​ပေမယ့် bossနဲ့bossအဘွားက​​ဆေးရုံ​ရောက်လာခဲ့တယ်။ bossက​သွေးအ​ရေး​ပေါ်လို​တော့bossအဘွားကလှူ​ပေးလိုက်​တာ။ အယ့်မှာအဘွားက​လည်းသွေးဆုံးရှုံးမှုများပြီးဆုံးသွားခဲ့တယ်တဲ့။ ဒီ​နေ့ကသူ့မိသားစု​တွေအကုန်ဆုံးသွားတဲ့​နေ့။ bossက​အယ့်တာကြောင့် ဒီ​နေ့​ရောက်တိုင်း သူ့​ကြောင့်​သေကြရတာပါဆိုပြီးအမြဲတမ်း မူး​မှောက်​အောင်​သောက်​တယ်လ​ရောင်။ အကိုဒီ​နေ့​တော့ သူ့ကိုဒီ့ထပ်ပိုပြီး အယ့်လို​တွေမ​သောက်​စေချင်​တော့ဘူး။ မင်းက သူ့စိတ်ဒဏ်ရာကို​​ဖြေ​ဖြောက်​ပေးနိုင်မယ်လို့ကိုယ်ထင်တယ်။ အယ့်တာ​ကြောင့် အကိုမင်းကိုအသိ​ပေးရတာပါ။ ​ပြီး​တော့ bossကိုလည်း အကိုပြောတယ်လို့မ​ပြောပါနဲ့​နော်""

ဖုန်းထဲမှ ခ​ရေ​စေ့တွင်းကျ ရှင်းပြထား​သော message​လေးကိုဖတ်ပြီးသကာလ လ​ရောင်စိတ်​တွေ​လေးလံလာရ၏။ ဒီလိုကိစ္စ​တွေရှိတာကို​တောင်မသိဘဲ မ​နေ့ကသူအလိုက်မသိ​ပျော်​နေမိတယ်မလား။ ပြီး​တော့ အလုပ်​တွေရှုပ်​နေတာကြောင့်​ မျက်နှာမ​​ကောင်းဘူးလို့ပဲထင်ခဲ့မိတာ ဒီလိုကိစ္စ​တွေမှန်းလုံးဝမထင်ခဲ့မိ။

အားနာစိတ်တို့နဲ့အတူ စိုးရိမ်စိတ်တို့ကလည်း တရိပ်ရိပ်ထိုးတက်လာရ၏။
ထို့​ကြောင့် လ​ရောင်ဦး​နှောက်ကို လျင်မြန်စွာအလုပ်​ပေးပြီး​နောက် လက်ထဲကဖုန်း​လေးကိုတစ်စုံတစ်​ယောက်ထံ​ခေါ်ဆိုလိုက်သည်။ ချစ်ကြပြီဆိုမှ​တော့ ​​ဘာမဆို​အေးအတူပူအမျှခံစားသင့်သည်မလား။

💓ချစ်ရပါ​သောရှပ်ပြာ​လေး💓 (Completed)Where stories live. Discover now