အဆောင်တိုက်အောက်ရောက်တော့
မိုးဖွဲလေးများကျနေသည်။
လန်ကျန့်က ထီးအညိုလေးတစ်ချောင်းကိုထုတ်ပြီး
ဖွင့်လိုက်တယ်။'အင့်..'
လန်ကျန့်ဖွင့်ပေးလာသော ထီးညိုလေးကို
ဝေ့ရင်းကိုင်ထားပြီး နှစ်ယောက်သားအပေါ်ဆောင်းပေးလိုက်သည်။
လန်ကျန့်က ဝေ့ရင်းရဲ့ခါးလေးကိုဖက်ပြီး
ပခုံးမှာ မျက်နှာဝှက်ကာ အကြာကြီးဖက်လျက်ငြိမ်သက်နေတယ်။
ဝေ့ရင်းလည်းမရုန်းမိ၊ ကိုင်ထားလက်စထီးကိုသာ နှစ်ယောက်သားမိုးမစိုအောင် သေချာဂရုစိုက်ကိုင်ထားမိသည်။'ဝေ့ရင်း....မင်းသိရဲ့လား'
လန်ကျန့်က သူ့ကိုဖက်ထားလျက်သားနဲ့ပဲစကားဆိုသည်။
တစ်ယောက်မျက်နှာတစ်ယောက်မမြင်ရပေမယ့်
ဒီလိုအနေအထားလေးကပဲပိုအဆင်ပြေပါတယ်။
လန်ကျန့်ကဆက်ပြောသည်။'ငါမင်းကိုချစ်လိုက်တာ....'
နှစ်ယောက်သား ဆက်လက်ငြိမ်သက်တုန်း...။
လန်ကျန့် ဖြည်းဖြည်းချင်းဆက်ပြောတယ်။'မင်း ကောင်မလေးတွေကို ဖွန်ကြောင်ပြီး
ပန်းချီဆွဲပေးလည်း ငါကချစ်ပါတယ်..'လန်ကျန့်စကားကြောင့် ဝေ့ရင်းက ဖွဖွပြုံးသည်။
'မင်း ဉာဏ်နီဉာဏ်နက်များပြီး
ငါ့ကိုအမျိုးမျိုးညာခိုင်းစားလည်း ငါကချစ်ပါတယ်....မင်း အိပ်မှုန်စုံမွှားထလာပြီး နိဟောင်လို့နှုတ်ဆက်တဲ့အခါ
သွားရည်ကွက်လေးပေနေလည်း ငါကချစ်တယ်...မင်း အရမ်း တုံးအလွန်းပြီး
ငါ့အချစ်တွေကိုမမြင်နိုင်လည်း ငါကချစ်ပါတယ်....မင်း ငါ့ကို မချစ်တော့လည်း ငါကချစ်ပါတယ်...
တောင်းပန်ပါတယ် ရောက်အောင်ပြန်မလာတာငါ့အပြစ်ပါ
ဒါပေမယ့် မမုန်းလိုက်ပါနဲ့
မဟုတ်ဘူး...မမေ့လိုက်ပါနဲ့
YOU ARE READING
လက်ဆောင် (S-2) [လက်ဆောင် (S-2)] Completed
Fanfictionလက်ဆောင်ရဲ့ထုံးစံအတိုင်းငြိမ့်ငြိမ့်လေးပါပဲ။ လက်ဆောင်ရဲ့ထုံးစံအတိုင်းငြိမ့်ငြိမ့်လေးပါပဲ။
Ch- 22[Z+U]
Start from the beginning