သူ သတိလက်လွတ်ရယ်မိ​တော့ နှုတ်သီး​လေးက​ထော်လာကာ ရန်​တွေ့ချင်​သေးတာ။

"အဟမ်း! အင်း တော်​တော်ဆိုးတဲ့​ဘေဇင်!ကိုယ်က​လေး​လေးကိုကွာ ရာရာစစ ထိရဲရတယ်လို့။ ရိုက်ဦးမယ်ဒီ​ဗေဇင်ကို။ တိတ်တိတ် က​လေး​တိတ်"

​နာ​နေ​သော လက်က​လေးကိုအသာပွတ်ကာ ​ဗေဇင်ကိုဆူမည်တကဲကဲ လုပ်​တော့ ​ကြောင်ရက်သား​ငေးကြည့်​နေ​သောက​လေးငယ်​။ ဘာများစကားမှားသွားလဲစဥ်းစား​နေခိုက် ထိုက​လေး၏မျက်နှာ​လေးကဆူပုတ်လာပြန်ကာ ချက်ချင်းဆိုသလို ဗိုက်​​ပူပူ​လေး၏​ဘေးတစ်ဖက်တစ်ချက်စီ၌လက်က​လေး​တွေ​ထောက်ပြီး

"ဘာက​လေး​လေးလဲ! ရောင်က ၂၁နှစ် ရှိပြီ​နော်။က​လေးမဟုတ်​​တော့ဘူး"

သူ​ပြော​တော့ ထိုလူကြီးသည် ပိုပြီး​ပြောင်စပ်စပ်မျက်နှာ​ဘေးလုပ်လာ​လေသည်။

"အဟွန်း! က​လေး​​လေးပဲရှိ​သေးတာကိုများ။ က​လေးပါပဲကွာ "

"ခဗျားကြီး!"

"ကဲ​ရေမြန်မြန်ချိုး​တော့က​လေး​​လေး။ နန်းကြီးသုပ်​ကျွေးမယ်​နော်"

"ဦး​နေယံ!"

"ဘာလဲက​လေးရဲ. မုန့်​ကျွေးပါမယ်ဆို မဆိုးနဲ့ကွာ"

"ဟာဗျာ.."

သူ့အား​ပြောမရသည့်အဆုံး ညစ်တစ်တစ်​လေးဖြစ်ကာရှုံ့မဲ့သွားသည့်ပုံ​လေးကို ​နေယံအသည်းယားမိသည်။ မကြိုက်ဘူးဆိုတာကို ​ခေါ်ပြီး​စရတာထက် က​လေး​လေးကို က​လေး​လေးလို့​ခေါ်ရတာ​လေးကို ပိုပြီးသ​ဘောကျမိလို့။ မကြိုက်တာ​လေးကိုအခွင့်​ကောင်းယူကာ စသလိုလိုနဲ့အမြဲ​ခေါ်ရမည်မလား။

"က​လေး​လေး​ရေချိုးပြီးပြီလား"

"အွန်း။ အဲ! ဘာက​လေးလဲ မ​ခေါ်နဲ့ဆို​နေ"

"စတာပါကွာ။ baby mild​ရော လိမ်းပြီးပြီလားက​လေး"

"အင်း!"

မျက်​စောင်း​လေးနဲ့​ပေ​စောင်​စောင်​လေး​ဖြေလာပုံက အသည်းယားစရာ

"​စားလို့​ကောင်းလား"

​အောက်ရောက်​တော့ နန်းကြီးသုပ်​​ကျွေး​တော့လည်း ​ခေါင်း​တောင်မ​ဖော်တမ်းစား​သောက​လေး​လေး။ စား​ကောင်းလား​မေးတာ​တောင် ပြန်မ​ဖြေအား ပြုံးလျက်လက်မကြီးသာ​ထောင်ပြ​​လေသည်။ တကယ့်အစားပုတ်လေး

💓ချစ်ရပါ​သောရှပ်ပြာ​လေး💓 (Completed)Wo Geschichten leben. Entdecke jetzt