BLUE SIDE (Ep 14)

4.6K 558 31
                                    

Tae - Hyung ရုံးမသွားဘူးလား ဘာမှလဲမပြင်မဆင်ထားဘူး....

JiMin - အင်း.....

Tae ရဲ့မျက်နှာကိုတောင် တည့်တည့်မကြည့် လည်ပင်းပွတ်လိုက် ပါးပွတ်လိုက် ဟိုလျှောက်လိုက် ဒီလျှောက်လိုက်လုပ်နေတဲ့ JiMin Hyung ကိုကြည့်ပြီး Tae သဘောတော့ပေါက်လိုက်ပါပြီ...ဆံပင်ဆိုးချင်တိုင်းဆိုးပြီးတော့မှ companyမသွားရဲဖြစ်နေတာပဲနေမယ်....ဒါမျိုးတော့ ဘယ်ရမလဲ TaeHyung အကြောင်းကောင်းကောင်းသိစေရမယ်...

Tae - Hyung မလိုက်လို့မရဘူးနော် ဒီနေ့ meeting က ကျွန်တော်နဲ့မပြီးဘူး Hyung လက်မှတ်လိုက်ထိုးမှရမှာ....

JiMin - နောက်မှထိုးလို့မရဘူးလား

Tae - မရလို့ပေါ့ Hyungရ ....နေ့ခင်းကြရင်လဲ နိုင်ငံခြားသားဧည့်သည်တွေနဲ့တွေ့ဖို့ရှိတယ် အဲ့တာလဲ hyung မပါလို့မရဘူး...

JiMin - အေး အေး ဟူးးးး အဲ့ဒါဆိုလဲ ခဏစောင့်

JiMin အဝတ်လဲရန်အခန်းထဲဝင်သွားတော့မှ Tae Taeလေးတယောက် လူယုတ်မာအပြုံးနဲ့ ခေါင်းမော့ကာ...ပါးစပ်ကလဲ မှတ်ပြီလားဟု ပြောဖြစ်အောင် ပြောလိုက်သေးသည်......

Time Skip>>>>>>>>

ညနေ ၃ နာရီထိုးလေပြီ ....ချာတိတ်ကျောင်းက ၄နာရီခွဲဆိုဆင်းမှာဖြစ်တဲ့အတွက် JiMin company မှ စောထွက်လာကာ အိမ်ပြန် ရေချိုးအဝတ်အစားလဲ ပြီး အကြိုတော်လုပ်ရန်ပြန်ထွက်လာခဲ့သည်.....

**************************************
JK - အားလုံးမင်္ဂလာပါ ဆရာက ဒီနေ့ကစပြီး Practical(လက်တွေ့ပိုင်း)ကို သင်ကြားပေးမယ့် ဆရာပါ....ဆရာ့နာမည် Jeon JungKook လို့ခေါ်ပါတယ်....

" ဆရာ ရည်းစားရှိလား...."

"ဟုတ်တယ် ဆရာ ရည်းစားရှိလား "

"ဖြေပေးပါ ဆရာ "

အကုန်လုံးက တယောက်တပေါက်နဲ့ဝိုင်းအော်မေးနေကြတော့...JungKook တစ်ယောက် စားပွဲခုံကို စာအုပ်နဲ့ထုလိုက်ပြီး

JK - ရှိတယ်....ရပြီလား စာသင်ဖို့လုပ်ကြတော့....

" ဟွန်းးးးးး" တစ်ခန်းလုံးမှ သက်ပြင်းချသံများဖြင့်သာ....

Ella - ဆရာ ella ဒါလေးနားမလည်လို့....(ချွဲပြစ်ပြစ်အသံဖြင့်).....

Sora - ငါသိတယ် ငါရှင်းပြမယ်...

BLUE SIDEWhere stories live. Discover now