JiMin - Tae... ဟို၃ယောက်ကိုညနေအိမ်ဘက်လာခိုင်းလိုက်..ပြီးရင် ညနေစာ စားဖို့ပါ hotelတစ်ခုခုကမှာထားလိုက်...အော် ပြီးတော့...လက်မှတ်ထိုးဖို့ပါ ပြင်ဆင်ထားလိုက်ဦး...
Tae - ဟုတ်ကဲ့ hyung...ပြီးတော့ကော...
JiMin - ရွဲ့တာလား...
Tae - hyung ကလဲ မရွဲ့ပါဘူး....ဟွန်းးးးး...
တစ်ခုပြီးတစ်ခုပြီးခိုင်းနေတဲ့ Hyungအဖိုးကြီးကို မျက်စောင်းထိုးကာ ညနေကြDinner လာစားရန်ဖိတ်ဖို့ အိမ်ဖြူလေးဆီသို့ထွက်ခဲ့လိုက်သည်
တင်းတောင် တင်းတောင်.....
JungKook - အော် TaeHyung Hyung ဝင်ပါဗျ
Taeအတွေး - အမယ် hyung တဲ့ ...သူ့ဘယ်သူကဒီလိုခေါ်ခိုင်းလို့လဲ....
ဒါပေမယ့် Hyung လို့အခေါ်ခံရတော့ Taeတစ်ယောက်သဘောကျမိတာတော့အမှန်ပင်..သူ့ဘဝမှာငယ်ငယ်ထဲက JiMin Hyung လက်အောက်မှာပဲ အငယ်လိုနေလာခဲ့ရတာဆိုတော့...
Tae - မဝင်တော့ဘူး..ညနေ အိမ်မကြီးဘက်ကို ၃ယောက်လုံးကြွခဲ့ပါဦး CEO က Dinner ဖိတ်ခိုင်းလိုက်လို့ ....ပြီးတော့ လိုအပ်တဲ့ စာရွက်စာတမ်းပါပြင်ဆင်ခဲ့လိုက်ပါ လက်မှတ်ထိုးရမှာဆိုတော့...
JungKook - ဟုတ်ကဲ့ Hyung...သိပါပြီဗျ....
Tae တစ်ယောက် Hyung လိုထပ်အခေါ်ခံရတော့ သဘောကျပေမယ့် မျက်ခုံးအနည်းငယ်ကျုံ့ပြီး JungKook ကို ကြည့်လိုက်လေရာ...
JungKook - အာာ ဟုတ်သားပဲ ကျွန်တော် Hyung လို့ခေါ်လို့ရတယ်မှတ်လားဟင်....
Tae - ရပါတယ် ငါသွားပြီ...
JungKook - ဟုတ် ကျေးဇူးပါ Hyung...
အိမ်ဖြူလေးမှ အိမ်မကြီးသို့အပြန်လမ်းမှာ Tae တို့ ခြေနဲ့မြေကြီးသိပ်မထိချင်တော့....ဒီလိုရှားရှားပါးပါးရလာတဲ့ အငယ်တစ်ယောက်ကို ကောင်းကောင်းကြီး ဆရာလုပ်ဦးမယ်ဆိုသော အတွေးများဖြင့်....အထူးသဖြင့် JiMin လိုပေါ့....
JiMin - ဟေ့ကောင် ဘာတွေပြုံးစိစိဖြစ်လာတာလဲ....ပိုက်ဆံကောက်ရလို့လား...
Tae - ကိုယ့်အိမ်ထဲကိုယ်နေပြီး ပိုက်ဆံကောက်ရမလား hyungရဲ့....
JiMin - မသိဘူးလေ မြောက်ကြွမြောက်ကြွနဲ့ .....လုပ်မနေနဲ့ စီစဥ်စရာရှိတာစီစဥ်တော့...