BLUE SIDE (Ep 7)

5.3K 596 10
                                    

Tae- Hyung ရေ... လေယာဉ်ချိန်နီးနေပီမို့ ကျွန်တော်သွားပီနော်... ဒီ ၃ရက်အတွင်း ဘာသံညာသံမကြားချင်ဘူးနော်....

Jimin- အောင်မာ... မင်းက ဘာသံကြားချင်နေသေးလို့လဲ... သွားစမ်းပါ... လေယာဉ်မမှီပဲနေအုန်းမယ်... ငါကလေးမဟုတ်ဖူး... စိတ်ပူမနေနဲ့... မင်းသာဂရုစိုက်သွား.....

အလုပ်ကိစ္စဖြင့် ခရီးသွားရန် Luggageကိုဆွဲကာ အိမ်မှထွက်ရန်ပြင်နေသော Taehyung မှ သူ၏ Jimin Hyung ကို စိတ်မချနိုင်စွာ တတွတ်တွတ်မှာရင်း စနောက်နေခြင်းပင်။

ဒီလို ခရီးသွားနေရခြင်းက သူတို့၂ယောက်အတွက် မဆန်းကြယ်သော်လဲ စိတ်မချစွာ တစ်ခုပီး တစ်ခုမှာနေတတ်သည်က Taehyung ၏ အကျင့်တစ်ခုပင်။

Tae- အင်းပါ... ပီးရော.... သွားပီဒါဆို.....

အခေါ်ခိုင်းလိုက်သော Driverမှ ကားကိုမောင်းကာ အိမ်ရှေ့ကို ကားရပ်လိုက်သည်ကြောင့် နှုတ်ဆက်ကာ အိမ်မှထွက်ခွာသွားသော Taehyung ၏ကားလေးကို အိမ်ထဲမှနေ၍ မျက်စိတဆူံးလိုက်ကြည့်နေရင်း

Jimin Pov's-

ဟူး.... ဒီပိတ်ရက် ၂ရက်တော့ အိမ်မှာပဲ အလုပ်ရှုပ်နေတော့မှာပဲ Taeလဲမရှိတော့ ပျင်းဖို့တော့ကောင်းမယ်ထင်တယ်............

** Phone Ringing...*****

Jimin- Hello

Jin- Jimin Ah.... ဒီနေ့အားလား...?

Jimin- မအားဘူး.....ဘာလုပ်မလို့လဲ

Jin - ဘာလုပ်မလို့လဲ မေးပုံထောက်ရင် အားပုံရတယ်... ဒီညနေသောက်ရအောင်ကွာ... မင်းနဲ့မသောက်ရတာကြာပီ... ငါ့မှာ မင်း စိတ်ဝင်စားလောက်တဲ့ အထူးSpecial ပုလင်းတွေရှိတယ်.. မင်းအတွက်ဆိုပီး ဟိုကနေတကူးတကဝယ်လာတာ... စျေးကြီးတယ်နော်ဟျောင့်......

Jimin Pov's-

အင်း.... Taeလဲမရှိတော့ ငါတစ်ယောက်တည်း အလုပ်လုပ်နေရတာထက်စာရင် သောက်ရတာ ပိုကောင်းမယ်..အပျင်းပြေတာပေါ့....

Jimin- ပီးတာပဲကွာ... ညနေ ၆နာရီလောက်လာခဲ့.. ဒါပဲ..

အစကတော့ အလုပ်မအားဘူးဆိုပီး ပုလင်းအသံလဲကြားရော ခပ်ပြတ်ပြတ်ပြောကာ ဖုန်းချသွားသော Jimin ကြောင့်

Jin Pov's -

ဒီကောင် ဟုတ်တာလဲမဟုတ်ပဲနဲ့ သောက်ပဲကများနေသေးတယ်...........

BLUE SIDEUnde poveștirile trăiesc. Descoperă acum