အပိုင်း ( 17 )

1.4K 35 14
                                    

Unicode
----------------

   နှုတ်ခမ်းတစုံရဲ့ဆန္ဒ

                             အပိုင်း ( 17 ) 

 " ညီ…….ညီ လေး………...အကို့ကိုစိတ်ကောက်နေတာလား ဟင် ……..ညီလေးး အကို့ကို စကားလေးပြောဦးလေ နော်……..ညီလေး ဒီမှာကြည့် ညီလေး ကြိုက်တဲ့ မုန့်လိပ်ပြာ ရယ် ….. ထောပတ်သီး ကို နိူ့ဆီလေးနဲ့ အကိုဝယ်လာတယ် သောက်လိုက်နော် …...ပြီးတော့ အကို့ကို ခွင့်လွှတ်ပါနော် ……….အက်ို ညီ့ကို တကယ် တောင်းပန်ပါတယ်ကွာ နော် ……..ဟိုလေ အကို့ကို ညီ ပါးစပ်နဲ့မပြောနဲ့လေ နော် …..အကို့ကို ခေါင်းလေးပဲငြိမ့်ပေးပါကွာ နော် ……...အဲ့ဒါဆို အကို ကျေနပ်ပါတယ် ….ကွာ 😔😔😔……. အကိုသိပါပြီ ကွာ…….ညီအကို့ကို ခွင့်မလွတ်နိူင်ဘူးမလား …….အဲ့ဒါဆို အကို ဘေးအခန်းမှာပဲသွားပြီး အိပ်လိုက်ပါတော့မယ်နော် …….. ဒီ မုန့်တွေကတော့ ညီမစားချင်လဲ လွှင့်ပစ်လိုက်လို့ရပါတယ် အကိုစိတ်မဆိုးဘူးနော် …….အကိုသွားပြီ …….အော် ဒီညအေးတယ်နော် နွေးနွေးထွေးထွေးလေး အိပ်နော် ညီက အရမ်းအေးတတ်လို့လေ ……….. အကိုသွား​ပြီနော် …….😞😞😞"

 " နေဦးးးး "

 " အင်းးး ညီလေးပြောလေ …."

 " သွားစရာမလိုပါဘူး အတူနေပေးပါ စိတ်ထဲမှာ အထီးကျန်သလိုခံစားရလို့ပါ "

 " ညီလေးး အကို့မျက်နှာကိုကြည့် …...ကြည့်ပါညီ ….. ရဲရဲ ကြည့်…..ဘာမြင်ရလဲ ……"

 " အကို့ မျက်နှာမြင်ရတယ်လေ……"

 " အကို ညီ့မျက်နှာကိုကြည့်တာ ညီ့အချစ်တွေ မြင်နေရတယ်…. "

 " ဗျာ  ……..😯 "

 " ညီက အထီးကျန်တာ အချစ်ကြောင့်မလား ……"

 " ဟို……" 

 " အကိုသိတယ် …..မဖြေနဲ့ အကိုမသိချင်ဘူး …...အကို တခုပြောချင်တာက …….ညီဝမ်းနည်းတဲ့ အချိန်ဖြစ်ဖြစ် ၊ ပျော်တဲ့အချိန်ဖြစ်ဖြစ် အကိုနဲ့ပဲအတူ ကုန်ဆုံးပါလို့ပြောချင်တယ် အကိုပြောတာ ညီနားလည်တယ် မှတ်လားညီ  ……."

  ကျွန်တော့် ပုခုံးလေးကို ငြင်သာစွာပွတ်သပ်ရင်း

လိုလားစွာပြောနေတဲ့ သူအပြောလေးတွေ နဲ့ စူးရှ လွန်းတဲ့ သူ့မျက်ဝန်းတွေအောက်မှာ ကျွန်တော် ရုန်းမထွက်နိူင်ခဲ့ပါဘူး ……..

နှုတ်ခမ်းတစုံရဲ့ဆန္ဒ ( BL ) [ Unicode / Zawgyi]  Where stories live. Discover now