အပိုင်း ( 2 )

3.3K 98 7
                                    

Unicode

အပိုင်း ( ၂ )

" မင်း ဘယ်လိုလုပ်ပြီး ငါ့အခန်းထဲ ဝင်လာတာလဲ အခုချက်ချင်း ထွက်သွား "

" မသွားဘူး "

" သျှားမင်း "

" ဘာလဲ "

" သွား ကိုယ့်အိမ်ကိုယ်ပြန်တော့.... သူများအိမ်ကို ဝင်ချင်တိုင်းဝင်လာရလား တံခါးလေးဘာလေး ခေါက်ပါလား လူမှု့ရေးကို နားမလည်ဘူး "

ပွစိ ပွစိ ပြောနေတဲ့ ချစ်ခွန်းကိုကြည့်ရင်း ပြုံးစိစိနဲ့သာ ကြည့်နေပါတော့တယ် ။

" မင်းကလေ ပြောလဲ​ပြောတတ်တယ်နော် အိပ်နေတဲ့သူကိုနိုးမှာစိုးလို့ တံခါးမခေါက်တာအပြစ်လား လူမှု့ရေးမသိတတ်တာလား ရှင်းပြပါဦး ဘေဘီ "

" မင်း ကြီးတော်ကို ဘေဘီပါလား "

" ငါ့ ကြီးတော်က သဲမာပါ ဘေဘီမဟုတ်ပါဘူး မင်းသိရဲ့သားနဲ့ "

" ငါ ငါကွာ "

" လုပ် လေ ဒီတခါထပ်ပြီးခြေချော်ရင် မဖမ်းပေးတော့ဘူးနော် လွှတ်လိုက်မှာ... အော်သိပြီ ခုနကလို ငါ့ရင်ခွင်ထဲဝင်ချင်လို့ ဉာဏ်ဆင်နေတာမလား "

" ဟွန့် ဝေးသေးတယ်... ."

နှုတ်ခမ်းလေးကို ထှော်ပြီး ပြောလိုက်တဲ့ ချစ်ခွန်းကိုကြည့်ပြီး ရင်ခုန်သံတွေက ထိန်းမရတော့လောက်အောင်ခုန်လာပါတော့တယ် ။ သူ့ကိုယ် သူတောင်ဘာဖြစ်မှန်းမသိပါ။ ငယ်ငယ်လေးကတည်းက ပေါင်းလာတဲ့ သူငယ်ချင်း စားလဲအတူတူ အိပ်လဲအတူတူ နဲ့ နေခဲ့တာတောင် အခုလိုတခါမှမစဉ်းစားခဲ့မိပါ ။ အခုဘယ်လိုဖြစ်လာတာပါလိမ့် ။ ဘုရား ဘုရား...ငါဘယ်လိုဖြစ်တာပါလိမ့် ။

" သျှားမင်း သျှားမင်း ငါပြောတာကြားလား "

" ဟင် ပြော ပြောလေ ဘာလဲ "

" ငါရေ ချိူးမလို့ အရှေ့က ဖယ်လို့ပြောတယ်လေ မင်းနားကမကြားတော့ဘူးလား ကန်းနေတာလား "

" မကြားလိုက်လို့ပါကွာ မင်းကလဲ သွား သွား "

အစက တစ်ခွန်းမကျန်ပြန်စနေတဲ့ သျှားမင်းတစ်ယောက် သူ့ရင်ခုန်သံတွေ ရဲ့ အဓိပ္ပာယ် ကိုအရမ်းသိချင်လာပါတော့တယ် ။

နှုတ်ခမ်းတစုံရဲ့ဆန္ဒ ( BL ) [ Unicode / Zawgyi]  Where stories live. Discover now