အပိုင်း ( 7 )

1.9K 59 0
                                    

Unicode

နှုတ်ခမ်းတစ်စုံ ရဲ့ ဆန္ဒ

အပိုင်း ( 7 )

 " ငြိုးမာန်…မင်း Laptop ရော "

 " အင်း ကိုယ် ခွန်းလေးကိုတွေ့ချင်တဲ့ဇောနဲ့ Laptop က အိမ်မှာကျန်ခဲ့တယ် "

 " အဲ့ဒါဆို ခင်ဗျား အဓိကလာရတဲ့အကြာင်းက ချစ်ခွန်းနဲ့တွေ့ဖို့ပေါ့ ဟုတ်လား… "

 " သျှားမင်း… "

 " သူပြောတာမှန်ပါတယ်… ကိုယ်မင်းနဲ့တွေ့ချင်လို့ ဒီတိုင်းပြောရင် ခွန်းလေး မလာဘူးဆိုတာ ကိုယ်သိနေလို့ "

 " သူငယ်ချင်းတွေပဲလေ… ငြိုးမာန် ကလဲ အဲ့လိုလုပ်ပါ့မလား "

 " သူငယ်ချင်းတဲ့လား …ခွန်းလေး "

 သင်တန်းတတ်တုန်းက ချစ်ခွန်း ကို သဘောကျလို့ သင်တန်းကသူတွေတောင် အထင်မှားလောက်အောင် အသေးစိပ်ကအစ ဂရုစိုက်ပေးတတ်တာကို ချစ်ခွန်းက သိနေတယ်လေ။ ပြိီးတော့ နောက်ပိုင်း သင်တန်းပြီးတာတောင် လိုက်နေလို့ နယ်ဘက်ကိုပြောင်းသွားပြီလို့ပြောရလောက်တဲ့အထိပါပဲ။ ကံကောင်းတာက ချစ်ခွန်းနေတဲ့အိမ်ကို သူမသိတာပါ။ 

 " သူငယ်ချင်းပဲပေါ့ ငြိုးမာန် ရ… "

 " ထားပါတော့ လေ… ခွန်းလေး သဘောပါ "

 " ချစ်ခွန်း သူ့Laptop လဲမပြင်ဘူးဆိုတော့ ငါတို့ပြန်ကြရအောင် "

 " နေပါဦး မင်းတို့က ဘာတွေလဲ… ဘယ်လိုပတ်သက်နေတာလဲ "

 " သူငယ်ချင်း ဆိုလဲ ဟုတ်တယ်...ညီအကို ဆိုလဲ ဟုတ်တယ်… လင်..မယား...ဆိုလဲ ဟုတ်တယ် "

 " သျှားမင်း မင်း "

 " လာသွားမယ်… အလကား အထုပ်ရှုပ်တွေ  "

--------------------------------------------------------------------

 " ချစ်ခွန်း အဲ့ကောင်မင်းအပေါ်မရိုးသားဘူးနော် "

 " ဘာလို့ လဲ သျှားမင်း  သူက ဒီတိုင်းပါဘဲ "

 " ဒီတိုင်းပဲ ဟုတ်လား… အဲ့ဒါဆို Laptop ပြင်မယ်ဆိုပြီး မင်းကိုဘာလို့လိမ်ပြီးခေါ်တာလဲ...ငါသာ မပါဘူဆိုရင် မင်းဘယ်လိုလုပ်မလဲ မင်း ကိုငါစိတ်မချတော့ဘူးကွာ..."

နှုတ်ခမ်းတစုံရဲ့ဆန္ဒ ( BL ) [ Unicode / Zawgyi]  Tempat cerita menjadi hidup. Temukan sekarang