'တစ်ဆိတ်လောက်...ဝေ့ရင်းကိုများ တွေ့မိသေးလား'
'သြော်...ဝေ့ရင်းလား
သူထွက်သွားပြီထင်တယ်...
ကျွန်တော့်မျက်စောင်းထိုးမှာဖြေတာလားလို့'လန်ကျန့်စိတ်ထဲ အနည်းငယ်စိတ်ပျက်မှုကိုခံစားလိုက်ရသည်။
'ဟုတ်ကဲ့...ကျေးဇူးတင်ပါတယ်
သြော်...ဒါဆို ကျန်းချန်ရော...ကျန်းချန်ရှိသေးလား''ရှိတယ်...ရှိတယ်
ကျန်းချန်ကတော့ အခုထိဖြေနေတုန်းပဲ'ထိုကျောင်းသားထွက်သွားတော့
လန်ကျန့်တော်တော်တွေဝေသွားသည်။
ကျန်းချန်တောင်ဖြေလို့မပြီးသေးခင် ဝေ့ရင်းဖြေပြီး
ဘယ်ကိုအလောတကြီးထွက်သွားပါလိမ့်။လန်ကျန့် ဝေ့ရင်းတို့အတန်းဆောင်ဘက်ကနေပြန်ထွက်လာပြီး အဆောင်မှာသွားစောင့်နေဖို့ဆုံးဖြတ်လိုက်သည်။
လန်ကျန့်ကျောင်းရဲ့အောက်ကိုရောက်လာချိန်
ကျောင်းလှေကားထစ်တွေမှာ ဝေ့ရင်းကိုလှမ်းတွေ့လိုက်တယ်။'ဝေ့ရင်း...'
လန်ကျန့်ရဲ့လှမ်းခေါ်သံကြောင့်
ဝေ့ရင်းနောက်လှည့်ကြည့်သည်။
လန်ကျန့်ကိုတွေ့တဲ့အခါ ဝေ့ရင်းကပြုံးပြတယ်။'လန်ကျန့်....မင်းဖြေနိုင်လား'
'အင်း....ဝေ့ရင်း မင်းရော'
'မဆိုးပါဘူး...အောင်မယ်ထင်တာပါပဲ ဟီး'
'ဒီမှာဘာရပ်လုပ်နေတာလဲ...ပြန်တော့မှာလား'
'သြော်...ငါ..'
ဝေ့ရင်းဖြေလို့မှမဆုံးသေးဘူး သူတို့နောက်ဘက်ကနေ
ဝေ့ရင်းကိုလှမ်းခေါ်သံကြားလိုက်ရသည်။'ဝေ့ရင်း....'
မိန်ရှန်း...။
မိန်ရှန်းက သူတို့ဘက်ကိုလာနေတယ်။
ဝေ့ရင်းက မိန်ရှန်းကိုတွေ့တဲ့အခါ တောက်တောက်ပပပြုံးလိုက်သည်။
YOU ARE READING
လက်ဆောင် (S-2) [လက်ဆောင် (S-2)] Completed
Fanfictionလက်ဆောင်ရဲ့ထုံးစံအတိုင်းငြိမ့်ငြိမ့်လေးပါပဲ။ လက်ဆောင်ရဲ့ထုံးစံအတိုင်းငြိမ့်ငြိမ့်လေးပါပဲ။
Ch- 21[Z+U]
Start from the beginning