𝒐𝒓𝒅𝒆𝒓 / 𝒑𝒆𝒓𝒎𝒊𝒔𝒔𝒊𝒐𝒏(𝒊𝒏𝒕𝒓𝒐2)

Start from the beginning
                                    

"အခုလက်​ရှိ ဘာလုပ်​​နေလည်း"

အရှင်​ယွန်းဂီက ထပ်​မံ​မေးခွန်းထုတ်​သည်​။

"​​ဆောင်ကြာမြိုင်က ​​​စောင်းဗြက်တီးသူထံမှာ ​​ဂီတပညာကို ဆည်းပူး​နေပါတယ်​ အရှင်​"

"ဒါဆိုရင်​ မင်းနဲ့​ရောဘယ်​လို ပတ်​သက်​လည်း"

အရှင်​ယွန်းဂီ​ပြောလိုက်​တဲ့ စကား​ကြောင့်​ နမ်​ဂျွန်းမျက်​နှာပျက်​သွားသည်​။အရှင့်​အကြံကို သူရိပ်​မိ​နေပြီ​လေ။

"ကျွန်​​တော့်​ ချစ်​သူပါ အရှင်​"

မခြွင်းမချန်​အမှန်​အတိုင်းသာ ​လျှောက်​ထားမိသည်​။
လိမ်​ညာရင်​​တောင်​ ထက်​မြက်​လွန်းတဲ့ အရှင်​​ကြောင့်​ တစ်​ချိန်​​ပေါ်မှာပဲ​လေ။

နမ်​ဂျွန်းစကား​ကြောင့်​ အရှင်​ယွန်းဂီမျက်​ခုံးတို့က အထက်​သို့် မြင့်​တက်​သွားခဲ့သည်​။

"ရပြီ​လေ မင်းပြန်​လို့ရပြီ စစ်​သူကြီးကင်​မ်​"

"မှန်​လှပါအရှင်​"

နမ်​ဂျွန်းလည်း အရှင်​ယွန်းဂီကို နှုတ်​ဆက်​ပြီးပြန်​လာခဲ့သည်​။
စိတ်​ထဲတွင်​​တော့ မ​ကောင်းတဲ့အ​ငွေ့အသက်​ တစ်​ခုခုရ​နေသလို.....

"ဘာမှမဖြစ်​​လောက်​ပါဘူး​လေ ဂျင်​ကိုလည်း​ချော့ရဦးမယ်​"

နမ်​ဂျွန်းလည်းစိတ်​​အေး​အေး ထားကာ နန်းး​တော်​​ဆောင်​တစ်​​လျှောက်​ပြန်​လာခဲ့သည်​။
သူပြန်​လာရင်း ညီလာခံ​ရှေ့နားမှာ လူစုလူရုံးတစ်​ချို့..။

နမ်​ဂျွန်းလည်း သိချင်​စိတ်​​ကြောင့်​ ထိုအနားကို ချဉ်းကပ်​သွားလိုက်​သည်​။
အနီ​ရောက်​​တော့မှမြင်​လိုက်​ရတဲ့ မြင်​ကွင်း​ကြောင့်​ မိမိကိုယ်​ကို အပြစ်​တင်​လို့မဆုံး..။

"စစ်​သူကြီး ကင်​မ်​ သခင်​​လေးကို​ပြောပါဦး"

ဘေးနားက အ​စေခံ​တွေက သူ့ကိုမြင်​​တော့​တောင်းပန်​ကြသည်​။နမ်​ဂျွန်းလည်း ဖြူ​ဖျော့ပြီး လဲ​ကျ​နေတဲ့ ​ဆော့ဂျင်​ကိုယ်​​လေးကို ​ထွေး​ပွေ့လိုက်​သည်​။

𝒐𝒓𝒅𝒆𝒓 / 𝒑𝒆𝒓𝒎𝒊𝒔𝒔𝒊𝒐𝒏 [ 𝑻𝒂𝒆𝒈𝒊 / 𝑵𝒂𝒎𝒋𝒊𝒏 ] Completed!!Where stories live. Discover now