𝒐𝒓𝒅𝒆𝒓 / 𝒑𝒆𝒓𝒎𝒊𝒔𝒔𝒊𝒐𝒏(2.2)

Start from the beginning
                                    

"ကင်​မ်​​ဆော့ဂျင်​ စစ်​သူကြီးကင်​မ်​ အသက်​ထက်​ဆုံး​ပေါင်းသင်းနိုင်​ပါ​စေ....။"

အရှင်​က​ပြောပြီး ပန်းခြံထဲမှပြန်​ထွက်​ခွာသွားခဲ့သည်​..။
ထယ်​​ယောင်းလည်း အရှင့်​​နောက်​က​နေ လိုက်​သွားရသည်​။
နောက်​တွင်​ကျန်​ခဲ့သည့်​နမ်​ဂျွန်းက​တော့ ​တစ်​ခုခုကိုရိပ်​မိသွားဟန်​...။

"ဂျင်​ ပြန်​ရ​အောင်​"

ရင်​ခွင်​ထဲက ​ဆော့ဂျင်​ကို​ပြောလိုက်​​တော့ ပိုတိုးလို့ဖက်​လာပြီး

"ဂျွန်း ချီ....."

နမ်​ဂျွန်း​လည်း ဟက်​ခနဲရယ်​ပြီး ရင်​ခွင်​ထဲက ​​ပေါက်​စကို​ပွေ့ချီလိုက်​သည်​။
စိတ်​ထဲတွင်​​တော့ အစိုင်​အခဲတစ်​ခုက တင်​ကျန်​လျက်​...။

အရှင်​ကဘာလို့ဒီ​လောက်​ထိ ​ဖော်​​ရွေ​နေရတာလည်း။
ဂျင်​ကို စိတ်​အ​ခြေအ​နေ​ကြောင့်​ ဒီလို​တွေဆက်​ဆံ​နေတာဆို​ပေမယ့်​ ဒီ​လောက်​ကြီးသည်းခံ​နေတာ​တော့ မဟုတ်​​သေးဘူး​လေ....။
အရှင်​ ..ဂျင်​အ​ပေါ်မှာများ စိတ်​ရှိ​နေလို့လား....။

နမ်​ဂျွန်း စဉ်းစားပြီးမှ ​ခေါင်းကိုပြန်​ခါမိသည်​။
မဟုတ်​​လောက်​ပါဘူး​လေ.....။
နမ်​ဂျွန်းအဲ့ကတည်းကသာ ဒီ့ထက်​ပိုပြီး စဉ်းစားနိုင်​ခဲ့ပါလျှင်​....။

နမ်​ဂျွန်း ခုံ​နေရာ​ရောက်​​တော့ ဂျင်​ကို​ခုံ​ပေါ်ချ​ပေးလိုက်​ပြီး ​ဘေးနားမှ​ထွေး​ပွေ့ထားလိုက်​သည်​။

"ဂျွန်း ဂို​လျောကို ဘယ်​​တော့သွားမှာလည်းဟင်​"

"လိုပါ​သေးတယ်​ ဂျင်​ရဲ့ "

"ငါ မင်းကိုလွမ်း​နေ​တော့မှာပဲ ဂျွန်းရယ်​ "

"ကိုယ်​က မြန်​မြန်​ပြန်​လာမှာ​ပေါ့ "

"ငါ မင်းကို ဒီ​နေ့ဟင်းချက်​​ကျွေးချင်​တယ်​ ဂျွန်း"

"အာ ကိုယ့်​ဂျင်​​လေး​ကလိုလိုလားလား​ကျွေးတာဆို​​တော့လည်​ကိုယ်​က စားရမှာ​ပေါ့"

"ဟာ ဂျွန်း​နော်​"

"ဟားဟားဟား"

ထို့်​နောက်​ ​ဆော့ဂျင်​ထံမှ နမ်​ဂျွန်း​ပေါ်ကျ​ရောက်​လာတဲ့ မျက်​​စောင်း​သေး​သေး​လေးနှင့်​အတူ ရင်​ဘက်​​ပေါ်သို့တဒုန်​ဒုန်းနှင့်​လာ​ရောက်​ထု​သော လက်​သီးဆုပ်​​လေးများ။

𝒐𝒓𝒅𝒆𝒓 / 𝒑𝒆𝒓𝒎𝒊𝒔𝒔𝒊𝒐𝒏 [ 𝑻𝒂𝒆𝒈𝒊 / 𝑵𝒂𝒎𝒋𝒊𝒏 ] Completed!!Where stories live. Discover now