"တွေ့လား ကိုကိုကကျွန်တော့်စကားတောင်နားမထောင်ဘဲလျှောက်တွေးနေတာ ကိုကိုကကျွန်တော့်ကိုမချစ်ပါဘူး ကိုကိုကကျွန်တော့်ကို ဟင့် မုန်းနေ အွတ်.."

နှုတ်ခမ်းတထော်ထော်နဲ့ပြောနေတဲ့ရစ်စိန်ငမူးလေးကိုအသည်းယားလွန်းလို့နမ်းလိုက်တယ်။ စောနကလူတွေရှေ့မှာကြောင့်နဖူးပဲတောက်နေရတာအဆင်ပြေမနေဘူးလေ အခုတော့အိုခီသွားပြီ အဟစ်။

ပြန်လည်နမ်းရှိုက်လာတဲ့နှုတ်ခမ်းပါးလေးကြောင့်ရိပေါ်မှာနမ်းနေရင်းပြုံးမိသွားတယ်။အနမ်းရှိန်ကကောင်းနေတုန်းအကောင်ပေါက်ကလူချင်းခွာပြီးစူပုတ်ပုတ်နဲ့စိုက်ကြည့်နေပြန်တယ် ရိပေါ်မှာဆန့်တငန့်ငန့်နဲ့ကျန်ရစ်ခဲ့ရတာကြောင့် မကျေမနပ်မေးဆတ်ပြတော့

"ဘာ့လို့ပြုံးနေတာလဲ မကြိုက်ဘူး နမ်းနေရင်းမပြုံးနဲ့ ဖီးငုတ်တယ်"

"ဟမ်!"

"မရယ်နဲ့လို့... ကြားရဲ့လား ကြားရဲ့လား! လောင်ကုန်းရဲ့"

"...."

ကျန့်ငယ်ငယ်  ကိုယ့်ကိုတကယ်သေစေချင်နေတာပဲ။

ထို့နောက်နှုတ်ခမ်းနှစ်ခုဟာပြန်လည်ထိစပ်သွားပြီးရှေ့သို့ဆက်ကြလေသည်။

.........

ရှောင်းကျန့်ပါးဟာဆေးကူစရာမလိုနီရဲလာပြီးအောက်ထပ်ကိုဆင်းလာခဲ့တယ် ကိုကို့ကိုမတွေ့ပါစေနဲ့အလုပ်သွားနှင့်ပါစေလို့ဆုတောင်းနေပေမယ့်မပြည့် ဧည့်ခန့်ကစားပွဲမှာအစ်မဝမ်ယွီနဲ့ဘာတွေပြောနေကြလဲမသိဘူး

ရှောင်းကျန့်အသာလေးဖြတ်သွားဖို့လုပ်တော့ဝမ်ယွီကမြင်သွားလေသည်။

"မောင်လေးနိုးပြီလား"

"ဗျာ ဟုတ်"

ရိပေါ်ကရှောင်းကျန့်ကိုပြုံးစိစိနဲ့ကြည့်နေတာကြောင့်မျက်စောင်းတစ်ချက်ထိုးပြီးဘေးမှာသွားထိုင်လိုက်တယ်

"အစ်မဝမ်ယွီရောက်နေတာကြာပြီလား"

"သိပ်မကြာသေးပါဘူး စောနလေးကမှလေ မောင်လေးရဲ့သူငယ်ချင်းမင်္ဂလာဆောင်ကဒီအပတ်ဆို"

"ဟုတ်"

"အဲ့ဒါမောင်လေးတို့သွားရင်မမလည်းလိုက်ချင်လို့ အဲ့လိုအတွဲလေးရဲ့လက်ထပ်ပွဲကိုလည်းကိုယ်တိုင်မြင်ဖူးချင်လို့ အဟီး"

𝑴𝒚 𝒇𝒂𝒓𝒎𝒆𝒓 𝒉𝒖𝒔𝒃𝒂𝒏𝒅 𝑽𝒊𝒍𝒍𝒂𝒈𝒆 𝑴𝒐𝒏𝒆𝒚𝒃𝒂𝒈𝒔(ᴇᴅɪᴛɪɴɢ✔︎)Where stories live. Discover now