All about her

8.6K 230 8
                                    


မ နာမည်ကဆောင်းသက်နှင်း။

မ နဲ့ သိခဲ့တာကြာပြီ။

မ က နူးညံ့ပြီး ချစ်စရာကောင်းတယ်။ မ ရဲ့ အစိတ်အပိုင်းတစ်ခုချင်းစီက မီ့အတွက်တော့ မြတ်နိုးစရာဖြစ်တယ်။ နှဖူးကျယ်ကျယ်လေးကအစ
ခြေချောင်းလေးတွေအဆုံး မ က နတ်ဘုရားဆန်တယ်။ မ ပါးချိုင့်လေး
ကြောင့် အရည်ပျော်ရသူဟာ မီ  ဖြစ်တယ်။ ဒါတွေကိုမ သိမှသိပါစ။ မရဲ့အပြုံးလေးဟာ မီ့ရင်ထဲက ရာသီဥတုဖြစ်တယ်။ မရဲ့ ဆံနွယ်တွေကို
အိပ်မက်တွေထဲမှာ ခိုးပြီးနမ်းရှိုက်ရတာကိုရော မ လက်ချောင်းကလေးတွေက မီ့ရင်ကို လှုပ်ခတ်စေတာကိုရော မ ရဲ့ အပြုအမူတိုင်းက
မှတ်ဉာဏ်တွေထိ စွဲထင်စရာကောင်းနေတာကိုရော မ သိမည် မထင်။
မ က ဘယ်အချိန်သောက်သောက် ရိုးမသွားတဲ့ Milk Tea တစ်ခွက်။ ဒါ့ကြောင့်လည်း မ ကို
သူ့ကောင်လေးက သိပ်ချစ်တာဖြစ်မယ်။🙃

မ က တိရစ္ဆာန်ကုဆရာဝန်တစ်ယောက်။ ခွေးဆိုအတော်ချစ်တယ်။
ဒါကြောင့် မီလည်း ခဏခဏ ခွေးဖြစ်ရတယ်။🙂
ကောက်ရိုးပုံစောင့် ခွေးပေါ့။🙁
အဲ့သည်လောက်ကို ချစ်ခဲ့တာ။

မ နဲ့သိတာ ၉နှစ်လောက် ရှိခဲ့ပေါ့။ ဆယ်တန်းတစ်နှစ်လုံး ကြိတ်ကြွေခဲ့ရတဲ့ မ က မီတို့ သူငယ်ချင်းတစ်သိုက်ရဲ့ စာပြ Guide ဖြစ်ခဲ့တယ်။ မ က
ငယ်ငယ်ကတည်းကစာတော်ခဲ့တော့ မီတို့ မိဘတွေကအစ မ ကိုချစ်တယ်။
မ စာရှင်းပြတဲ့အခါ မ လက်ချောင်းလေးတွေကို ငေးရလွန်းလို့
နားလည်လားလို့ ပြန်မေးတိုင်း နားလည်တယ်လို့ မဖြေဖြစ်ခဲ့ဘူး။
မီက ဉာဏ်အကောင်းဆုံးပဲလို့ မ က ခဏခဏပြောပေမဲ့ စာကို ၂ခါ
ပြန်ရှင်းပြရတာ မီ့ကို ဖြစ်တယ်။
မ ကို ဆယ်တန်းကတည်းက ကြွေခဲ့ရတာခုဆို အလုပ်ခွင်တောင် ဝင်နေပါရောလား။ ဒါလည်း ခုထိ မမေ့။
မ အိမ်ထောင်မကျသေးတာ ဘယ်သူ့ကိုကျေးဇူးတင်လို့ တင်ရမှန်းမသိ။
တကယ်တော့ ကျေးဇူးတင်တယ်။ အသက် ၃၀ ထိ အိမ်ထောင်မကျသေးတဲ့ မကိုပဲကျေးဇူးတင်နေမိတယ်။

မ နဲ့ မီက ငါးနှစ်ကွာတယ်။ တစ်ခါတုန်းက မက ဒီလိုပြောခဲ့ဖူးတယ်။
"မ နဲ့မီက တူတယ်။ မ လည်းကိုယ့်ထက်ငယ်တဲ့ လူကို မကြိုက်ဘူး"
အဲ့ဒီမှာ ကွဲတော့တာပါပဲ (စောင်အသည်းတွေ🙂)

ဆယ်ကျော်သက်ကတည်းက မ မသိအောင် မြတ်နိုးခဲ့ရတာဆိုပြီး ဘဝင်
မြင့်ချင်ပေမဲ့ မ ကပဲသိပ်တော်နေလား မီကပဲ သိပ်ညံ့နေလားမသိ။
မ ရိပ်မိနေခဲ့တယ်။ မီ့ရင်ထဲမှာ စွဲနေအောင်မှတ်မိသေးတယ်။
အချိန်မှန်ဖုန်းပြောခဲ့တဲ့ နေ့ရက်တွေ...။
မီ မဆက်တဲ့အခါ မ ဆက်တယ်။ မျှော်နေခဲ့တာလည်း အသိသာကြီး။
မီနဲ့ ဖုန်းပြောတဲ့အခါ မ ကောင်လေးအပေါ် လိပ်ပြာမသန့်ဖြစ်တယ်လို့ ပြောခဲ့ဖူးတယ်။
မီနဲ့ ပတ်သတ်ပြီး ခံစားချက်တစ်ချို့ မမှာ ရှိခဲ့တယ်လို့ မီ ယုံကြည်တယ်။

တကယ်တော့ မီ့ကြောင့်နဲ့ မတို့ အတွဲမှာ
ဖြစ်လိုက်ရတဲ့ ပြသနာတွေဆိုတာ.....
ဒါတောင် မ က မီ့နဲ့ ဆက်ပေါင်းနေခဲ့တယ်။
အဆက်အသွယ်ရှိလိုက်ပြတ်လိုက်နဲ့ အချိန်တွေသာ ကုန်သွားတယ်။
မဖြစ်နိုင်ပါဘူးဆိုတဲ့ မိန်းမပေါ်ချစ်ခြင်းမေတ္တာက တစ်စက်ကလေးမှ လျော့မသွား။ ဒီလိုနဲ့ ပြန်ဆုံချိန်ရောက်လာတယ်။ ကြံကမ္မာက မီ့ကို ချစ်တာလားမုန်းနေတာလား မခွဲတတ်ခဲ့။ မ တစ်ယောက် မီ့အိမ်ပေါ်ရောက်လာတယ်။

မ က Royal hospital မှာ အလုပ်လုပ်တယ်။
မီက နိုင်ငံခြားကုမ္ပဏီတစ်ခုမှာ ပွဲစီစဉ်သူလုပ်တယ်။ ရန်ကုန်တစ်မြို့တည်းမှာကို မနဲ့ မတွေ့တာ တကယ်ကြာခဲ့ပြီ။
တကယ်တော့ မတွေ့ဟန်ဆောင်ခဲ့တာ။ မ ကိုအမြဲချောင်းကြည့်ခဲ့ရတာ။
သူငယ်ချင်းတွေရဲ့pet လေးတွေ တစ်ခုခုမဖြစ်လိုက်နဲ့ မီ က
စားရိတ်ကုန်ခံပြီးတော့ကို Royal ကိုလိုက်ပို့ခဲ့တာ။🙂
တကူးတကသွားချောင်းခဲ့ရတဲ့ အချစ်ဆုံးလေး နောက်ဆုံးတော့ဟာသ
ဆန်ဆန်အကြောင်းပြချက်နဲ့ မီ့အိမ်ပေါ် ဆိုက်ဆိုက်မြိုက်မြိုက်ရောက်လာခဲ့တယ်။

မ နေတဲ့အဆောင်က သားဖြစ်သူက မူးယစ်ဆေးမှုနဲ့အဖမ်းခံရလို့ အမေ
ဖြစ်သူက အဆောက်အဦကိုပါရောင်းပြီး လျော်လိုက်ရသတဲ့။
အဲ့လိုနဲ့ သူ့ကောင်လေးအိမ်မှာလည်းနေလို့မရတဲ့အဆုံး အဆောင်သစ်
မရခင် မီ့ အိမ်မှာ လာနေမယ်တဲ့။

ဇာတ်လမ်းက အဲ့က စတာပါပဲ။

#1197

The one pale and delicate(Unicode Version)Where stories live. Discover now