Yes!!! Honey (27)

15K 1.6K 70
                                    

(Unicode)

မျက်လုံးမှိတ်ထားသော်လည်း နေရောင်စူးစူးထိုးမှုကြောင့် ဂျောင်ကုနိုးလာခဲ့သည်။

သူ့အပေါ်ကို တစ်ခုခု ဖိထားသလိုရှိတာကြောင့် ခါးပေါ်၌ ခြေထောက်သေးသေးလေးတစ်ခုနဲ့ ခြေသလုံးပေါ်၌ ခြေထောက်သွယ်သွယ်တစ်ခု။

သူသေချာကြည့်လိုက်တော့ Jeon Kookနဲ့ Jeon Taehyungတို့နှစ်​ယောက်။သူ့ဘက်အား လှည့်ကာ အိပ်မောကျနေသည့်နှစ်ယောက်အား သူမြင်လိုက်တော့ သူ့နှုတ်ခမ်းပါတွေပြုံးလျက်သား...။

မျက်လုံးဖွင့်လိုက်တဲ့အချိန် အချစ်ရဆုံးနှစ်ယောက်ကိုတွေ့လိုက်တာကြောင့် သူ့တစ်နေ့တာက ကျက်သရေရှိလာ။

သူ ခြေထောက်တွေဖယ်လိုက်ကာ ထလိုက်တော့ jeon kookက သူ့papaဘက်လှည့်ကာ ခွသွားသည်။တစ်ယောက်ကိုတစ်ယောက်ဖက်ကာ ခွထားတဲ့ ထို အချစ်ဆုံးနှစ်​ယောက်ရဲ့ပုံစံက အရမ်းချစ်ဖို့ကောင်းတာကြောင့် သူမှတ်တမ်းတင်ဖို့ဆုံးဖြတ်လိုက်သည်။

ကုတင်ဘေးက phကိုထုတ်လိုက်ကာ သူ မှတ်တမ်းတင်နေတုန်း တအိအိနဲ့နိုးလာတဲ့ နှစ်ယောက်ကြောင့် video record လုပ်လိုက်ကာ

"Good morningပါ အချစ်တုံးလေးတွေ မနက်ခင်း မှာ ချစ်ရသူတွေနဲ့နိုးလာတဲ့ခံစားချက်လေးပြောပြပေးပါခဗျ"

သူပြောလိုက်တော့ အိပ်ချင်မူးတူးနဲ့ရယ် နေကြသည်။

"ကဲ ကိုကြီးကွတ်ကပြောပေးပါခင်ဗျ"

"အင်း.... daddy ဘလချောင်ကြော်မစားလိုက်ရတာထက်ပိုပြီးဝမ်းသာပါတယ်"

"ဖအေဘေးလေး"

သူ့ရဲ့ဆဲသံကြောင့် Jeon Kookရော Taehyungရော အသံထွက်ရယ်ကြသည်။

"Jeon Taehyungလေးလဲပြောပေးပါခင်ဗျ"

"ဘလချောင်ကြော်မကျွေးလိုက်ရတာထက်ဝမ်းသာပါတယ်"

"ဟာ ဒီသားအဖတော့တကယ်​ပြောနေတာကို ပြောင်နေကြတယ် လာကြ"

Phကို ကုတင်ဘေးနားစားပွဲခုံပေါ်တင်လိုက်ကာ နေရာချိန်ပြီး ထိုနှစ်ယောက်အပေါ် ခုန်အုပ်လိုက်တော့ နှစ်ယောက်လုံးက သူ့ ရင်ခွင်အောက်၌

"ပြောင်ချင်ဦး မွ နောက်ချင်ဦး မွ ပြောင်ချင်ဦး"

"အား အာပုတ်ရည်တွေနဲ့ "

Yes!!!honeyUnde poveștirile trăiesc. Descoperă acum