ရှပ်ပြာရှပ်ပြာနိုင်လှ​သောသား​တော်​မောင်ကိုစိတ်ပူကြီးစွာမှာကြားမိသည်။

"ဟုတ်ကဲ့ပါမားရဲ့...သွားပြီ.."

သူ(မ)အားနှုတ်ဆက်ကာထွက်သွား​သောသားအငယ်ဆုံး​လေးကိုကြည့်ကာပီတိပြုံးများဖြင့်ကျန်ရစ်​နေခဲ့သည်။​

သူတို့မိသားစု​လေးတွင် မိသားစုဝင်၅​ယောက်ရှိသည့်အနက် ​ရောင်​လေးသည်ငယ်စဥ်ကတည်းကမိသားစုကိုပြုံး​ပျော်​စေခဲ့​သောအိမ့်ဆည်းလည်း​လေးဖြစ်​ပေသည်ကိုး။

"မမတာ့တာ..အာဘွား"

"အင်းအင်း...အာဘွား​ရောင်​ရောင်​လေး..တာ့တာ့"

"ဟုတ်"

လရောင် ​ကျောင်း​ရောက်​တော့အမဖြစ်သူကိုနှုတ်ဆက်ရင်း ကား​ပေါ်မှဆင်းကာ အ​ဆောင်သို့ခပ်သွက်သွက်လာခဲ့လိုက်သည်။
သို့​သော်လည်း ထင်သ​လောက်မြန်မြန်ခရီးမတွင်ခဲ့ပေ။

အ​ကြောင်းမှာ​.....

"ဘုန်း! ဘုရားကြွ!"

အ​ဆောင်နား​ရောက်ခါနီးမှ ​မှောက်ယက်​လေးယက်ကန်ယက်ကန်လဲပြန်​သော​ရောင်​ရောင်...

"​ဟေး..​ဟေ့​ကောင်​တွေယုန်ဖြူ​လေး​ချော်လဲပြန်ပြီ​ဟေ့...ဟား..ဟား..."

သူလဲတာနဲ့တစ်ပြိုင်နက်​​ လူတစ်စု၏ အော်ရယ်သံ​တွေထွက်လာတာ​ကြောင့် ထိုလူတွေအား ဆူပုတ်​ပေကပ်စွာကြည့်မိသည်။

"​ဟေ့​ယျောင်​တွေ ရီလို့ဝရင်လာထူကွာ!"

​ရောင်​ရောင်တစ်​ယောက်​​ဆောင့်​အောင့်စွာ​ပြောမှသာထိုအ​ကောင်တစ်သိုက်မှာအ​ပြေးအလွှားရယ်​မောရင်းလာထူကြ​လေသည်။

ဟုတ်သည်။ ယုန်ဖြူဆိုတာ လင်းလရောင်ဆိုသောသူ့ကို ခေါ်ကြခြင်းပင်။ ထိုနာမည်​ဗြောင် ဘယ်လိုတွင်ခဲ့သလဲ​ပြောရရင်​တော့ ရှပ်ပြာလူးခဲ့တဲ့ ထိုအတိတ်ရဲ့တစ်နေ့သို့ပြန်သွားရမည်ထင်။

အင်းး........

fresher welcome​နေ့က​ပေါ့လေ...
ပုဆိုးနဲ့ဘာနဲ့စတိုင်လ်နဲ့​​ကျောင်းလာခဲ့တဲ့ သူ   ပွဲထဲ​ရောက်​တော့​ ကောင်မ​လေး​တွေက​တဲ့အချိန် ထပြီးအား​ပေးတာရယ်လေ ရှပ်ပြာရှပ်ပြာနဲ့ထလိုက်မိတာကြောင့် ကို့ယ်ပုဆိုးကိုယ် တက်နင်းပြီး ပုဆိုးပါကျွတ်ကျခဲ့သည်အထိ။

💓ချစ်ရပါ​သောရှပ်ပြာ​လေး💓 (Completed)Where stories live. Discover now