ရှေ့ဖြစ်ဟောကျိန်စာ စာအုပ်ကြီးကိုကြည့်ရင်း
သူ့ရင်တွေနာလှပြီ။

Coma၀င်နေတဲ့ကျန့်ကောက သေချာပေါက်
အရင်ဘ၀ကို ဝေ့ရင်းအဖြစ်
ပြန်ရောက်နေမှာအသေချာ.....

ချစ်ရသူသာ ကျိန်စာကိုမဖြေနိုင်ခဲ့ရင်
သူတို့ ဒီဘ၀လည်း ထပ်ဝေးရအုံးမည်လား...

ဟင့်အင်း...သူအဖြစ်မခံနိုင်ပါ .....

သွေးရူးသွေးတန်းနဲ့ ကျိန်စာစာအုပ်ကြီးကို
သူဓားမြှောင်နှင့် အဆက်မပြတ်ထိုးနေမိသည်။

ပျောက်ကွယ်သွားစမ်း....အစိတ်စိတ်အမွမွအနေနဲ့
ပျောက်ကွယ်ပေး.....

"သားးးးသား...ရိပေါ်လေး"

ဦးရှန်းကအသည်းအသန်လာဆွဲကာ
သူ့ကိုနောက်ကျောမှသိုင်းဖက်ရင်း

"စိတ်လျော့ပါကွယ်....စိတ်လျော့ပါ..."

"ဦးရှန်းဖယ်ပေး....ဒီစာအုပ်ကြီး
ပျောက်ကွယ်သွားမှ ကျန့်ကော ပြန်လာရမှာ...
ကျန့်ကော...သားကျန့်ကောက အခုထိ"

သည်းစွာငိုနေသည့်ကောင်လေးရဲ့ကျောပြင်ကို
ခပ်ဖွဖွ ပုတ်ပေးရင်း ဦးရှန်းပါရောငိုမိသည်။

"သားကျန့်ကောပြန်ရောက်ရင် ဒီစာအုပ်က
အလိုလို ပျောက်ကွယ်သွားမှာပါကွယ်...."

"ဒါ...ဒါဆို...သားက ...ဘာမှအသုံးမကျ!!"

"အဲ့လိုမဟုတ်ပါဘူး....သားကအဲ့လိုမဟုတ်ဘူးလေ"

"ဦးရှန်းဘာသိလဲ...အရင်ဘ၀က
ဝေ့ရင်းကို ယုံယုံကြည်ကြည်မချစ်ပေးခဲ့ပဲ
အတုယောင်မေတ္တာတွေကိုယုံပြီး
ဝေ့ရင်းကို နာကျင်စေမိတယ်။
ဒီကျိန်စာက တကယ်တော့ သားကြောင့်
ဖြစ်တည်လာတာ...အဲ့တာတောင်
ကျန့်ကောက သားအတွက်နဲ့ ကျိန်စာကို
သွားဖြေနေရတယ်...ပြီးတော့...နှလုံးသွေး...
ကျန့်ကောရဲ့..နှလုံးသွေး....."

"ရိ...ရိပေါ်....သားလေး.."

ဦးရှန်းရင်ခွင်ထဲကိုခွေကျသွားတဲ့ ကောင်လေးကြောင့်
အသည်းအသန် အရေးပေါ် ဆေးရုံပြေးရသည်။
အိမ်တော်အတွင်းဆူညံပွက်လော ရိုက်မှုများစွာနဲ့
စိုးရိမ်ပူပန်နေကြစဉ်...

ဘိုးဘွားခန်းထဲက ကျိန်စာစာအုပ်ကြီး
မီးလောင်ပျောက်ကွယ်သွားတာ ဘယ်သူမှ
မသိလိုက်ကြပေ.....

ချစ်သောအရှင်(ချစ်သောအရှင်){Completed}Where stories live. Discover now