Part 6

15.1K 1.5K 48
                                    

မြေပြင်ပေါ်ဝပ်တွားနေတဲ့လူတွေကြား
တစ်ယောက်သောသူကတော့ထူးခြားနေခဲ့သည်။
ဘာလို့လဲဆို သူရဲ့လက်တွေကို
ရဲမက်နှစ်ယောက်ကဖမ်းချူပ်ကာ
ကျောကိုနှိမ့်ထားလို့။

"သတ်ချင်နေတာလား.."

".........."

ပြန်မဖြေတဲ့ကောင်လေးရဲ့မေးဖျားလေးကို
ပင့်တင်ပြီး မျက်လုံးချင်းစူးစိုက်မေးသည့်တိုင်
ပြန်စာမလာခဲ့။

"ဖြေလေ...ငါ့ကိုသတ်ချင်နေတာလား"

မျက်လုံးရဲရဲလေးတွေနဲ့အံလေးသာကြိတ်ထားပြီး
ဝမ့်ကျီးဆီ စကားပြန်မရှိတဲ့ကောင်လေးကြောင့်
တစ်ချက်ရယ်လိုက်ကာ ပင့်တင်ထားသော
မေးဖျားလေးကို ပိုပင့်တင်လိုက်ကာ
နှုတ်ခမ်းနှစ်ခုကို ထိကပ်ပစ်လိုက်သည်။

"အခုဖြေလို့ရပြီလား..."

မိနစ်ဝက်လောက်ထိကပ်ထားလိုက်ပြီး
ပြန်ခွာကာမေးမြန်းလိုက်တော့
ကောင်လေးကမျက်ရည်တွေဝဲနေလေပြီ။

"စောစောက ငါ့ကိုလုပ်ကြံတည်းက
စဉ်းစားခဲ့ရမှာ....သူ့ကို ဒီတစ်ည
အကျဉ်းချထားလိုက်..."

သူ့စကားသံအဆုံး ဆွဲခေါ်သွားတဲ့ရဲမက်တွေရဲ့
နောက်ကို တရွတ်တိုက်မဖြစ်ရုံတမယ်ပါလာခဲ့ရသည်။

*ဒုန်း*

အမှောင်ခန်းထဲပစ်ထည့်ခံလိုက်ရပြီး
ပိတ်သွားသောတံခါးကြောင့်ပတ်ပတ်လည်အမှောင်အတိ။

နံရံတစ်ခုကိုအားပြုကာ မှီထားရင်း
စောစောကအဖြစ်ပျက်ကို
ပြန်တွေးနေမိသည်။

*ဘာပုံရိပ်တွေလဲ...*

ရှောင်ကျန့် လေးကိုကိုင်ပြီး
ဝမ့်ကျီးဘက်လှည့်လိုက်သည်ထိတော့
သတိကောင်းကောင်းရှိသေးသည်။

ဝမ့်ကျီးကိုကျိန်ဆဲခဲ့ပေမဲ့
တကယ်မျှားကိုပစ်လွှတ်လိုက်ဖို့
မရည်ရွယ်ခဲ့။

ရုတ်တရက်မြင်လိုက်ရသည့်ပုံရိပ်က
ဒီလေးကွင်းထဲမှာတင်......

ဒါပေမဲ့ ရပ်နေသူက ၀မ့်ကျီးမဟုတ်ဘဲ
ရှောင်ကျန့်နဲ့ဆင်တူသော ဝေ့ရင်းဆိုသည့်
ကောင်လေး။သူ့ရဲရှေ့မှာ
လေးကြိုးနဲ့ချိန်ရွယ်ထားသူက
ရှောင်ကျန့်မဟုတ်ဘဲ ၀မ့်ကျီးဖြစ်နေသည်။

ချစ်သောအရှင်(ချစ်သောအရှင်){Completed}Where stories live. Discover now