Part 7

15K 1.5K 93
                                    

ဝမ့်ကျီး ပြတင်းပေါက်လေးကို
လက်နောက်ပြန်လေးထောက်ကာ
ကြို့ထိုးနေသည့် ကောင်လေးကြောင့်
ရယ်ချင်နေသည့်ရုပ်ကိုတည်ထားရသည်။

မျက်လုံးလေးလှန်ကြည့်နေသည့်ပုံလေးက
ဆွဲမွေ့ချင်စရာ။

စိတ်ရှိတိုင်းသာ သောင်းကျန်းရရင်
ဒီကောင်လေးဆိုတာ ရစရာရှိမှာမဟုတ်တော့ဘူး။

ဝမ့်ကျီးအချစ်ကြမ်းတာသိပါတယ်။
သူ့ကိုယ်သူလည်းမထိန်းချူပ်နိုင်တာပါပေမဲ့
ဒီကောင်လေးကို ရှိန်နေတာမျိုးမဖြစ်စေချင်။

စိတ်ကူးထဲက ပုံစံလေးကအခုလို
ဆတ်ဆတ်ထိမခံပုံစံလေးတော့
မဟုတ်ပေမဲ့ အခုလိုလေး
စကားပြန်ပြော စိတ်ဆိုးစိတ်ကောက်
ပုံစံလေးဖြစ်စေချင်တာပင်။

အရင်တုန်းကဝေ့ရင်းက ဆူလိုက်ရင်
ခေါင်းငုံ့ခံ.....ကိုယ့်ကို အပယ်ခံလူတစ်ယောက်
ကြောက်စရာလူတစ်ယောက်လို သတ်မှတ်ထားတာမျိုးကို
ဝမ့်ကျီးသဘောမကျတာ။

ကိုယ်ကပဲ သူ့ကိုအလိုရှိရှိဖြစ်နေပြီး
သူကတော့ကိုယ့်ကို မတွေ့ရရင်
အဆင်ပြေနေတာမျိုးကြီးမို့ ၀မ့်ကျီးအားမလို
အားမရတွေဖြစ်ပြီး အချစ်ကြမ်းကြမ်းမိသွားတာ။

အခုလိုလေး....အခုလိုလေးက
ငါချစ်ရတာ အဆင်ပြေတယ်ဝေ့ရင်း.....။

"အစ်..အရှင်..အရှင်..ဘာကိစ္စ...အေ့"

ရှေ့ဆက်ဖို့စကားတွေ မတိုးနိုင်တဲ့ကောင်လေးကြောင့်
ရယ်ချင်စိတ်ထိန်းသည့်အနေနဲ့ ချောင်းတစ်ချက်ဟန့်ရင်း

"ဘာလို့လဲ...ငါကိုယ်တော်အတင်းတုတ်နေတာ
မိသွားလို့လား"

"အဲ့...တာက...အစ်.."

"ဆက်ပြော..."

"အစ်...အေ့..."

မတည်နိုင်တော့တာကြောင့် ကောင်လေးကို
ကျောခိုင်းရင်း သလွန်တော်ပေါ်
သွားထိုင်နေကာ

"ဒီမှာလာထိုင် ...."

ပြတင်းပေါက်နားကနေမခွာနိုင်ပဲ ပြူးပြဲပြဲလေး
ကြည့်နေတာကြောင့်

"လာထိုင်...အပစ်ပေးမို့"

"အ...အစ်...အပြစ်...အေ့"

ချစ်သောအရှင်(ချစ်သောအရှင်){Completed}Where stories live. Discover now