ဝမ်ရိပေါ် ရှောင်းကျန့်ပြောသမျှနားထဲမဝင်ပါ
အကြောင်းကတော့ ရှောင်းကျန့်ရဲ့ နှုတ်ခမ်းပါးလေးဆီ အကြည့်ရောက်နေ၍ ဖြစ်သည်
တံတွေများလည်း ခဏခဏမြိုချနေရသည်
"ရိပေါ် ..... ဝမ်ရိပေါ် "
"အယ် ... ဆရာ ဘာပြောလိုက်တာလဲမသိဘူး"
"ဘယ်ငေးနေတာလဲ ဒီနားလေးကပ်ပြောနေတာတောင်မကြားရအောင်"
"ဘာ ဘာမှမဟုတ် ပါဘူး
ဒါ ဒါဆို ပြန်လိုက်အုန်းမယ်"
"ဟင် ဒီကောင်လေး ချွေးတွေလည်းပြန်လို့ ဘာဖြစ်သွားတာလဲဟ"
************
(ဟူးးး
ငါဘာဖြစ်သွားတာလဲ ရင်ဘတ်ထဲကလည်းဘယ်လိုကြီးလဲ
ဒါ ဒါ ဆရာကြောင့်လား......)
ဝမ်ရိပေါ် စိတ်ရှုပ်စွာ ဆံပင်တွေဖွလိုက်ပြီး
ခေါင်းသာကုတ်နေတော့သည်။
"ရိပေါ် ... သား
ဘာဖြစ်လာတာလဲ အပေါ်ကိုတန်းပြေးတာ
တံခါးဖွင့်ဦး မားပြောစရာရှိတယ်"
"ဘာပြောမလို့လဲ သားအိပ်ချင်နေလို့"
"ဆရာ့ကိုမြင်ဖူးလားကျောင်းမှာ ဘယ်လိုလဲ အဆင်ပြေလားစကားပြောလို့ရော"
"မြင်ဖူးရုံမကဘူး သားတို့အတန်း သင်တာ
အဆင်မပြေလည်း သင်ရမှာပဲမလား မားကအပိုတွေသိပ်ပြော"
"ဟုတ်လား ဒါဆိုလုံးဝအဆင်ပြေပြီ
အပိုတွေပြောတာမဟုတ်ဘူးဟေ့
နင့်အတွက်လုပ်ပေးနေရတာ
နားလည်ဦး"
"မသိဘူးဗျာ အိပ်တော့မယ်"
"အေး အချိန်နဲ့အိပ်နော်
၇နာရီကျဆရာလာလိမ့်မယ် ပြင်ထား
ကြားလား
ငါ၂ခါမပြောဘူးနော် နင့်ပါးကိုလွှတ်လိုက်မှာနောက်တခါဆို"
"မားကတော့လုပ်ပြီဗျာ ပါးနဲ့ပဲကိုင်ပေါက်နေ"
ဝုန်း...
ဝမ်ရိပေါ် စိတ်ဆိုးပြီးတံခါးကိုဆောင့်ပိတ်လိုက်သည်။
"အင်း..... ငါဘယ်လိုလုပ်ရမလဲ ခုနကခနလေးရပ်စကားပြောတာတောင် ရင်တွေမတအားခုန်နေတာ အနီးကပ် စာသာသင်ရရင်
ငါတော့ဟန်တောင်ဆောင်နိုင်ပါ့မလား
စိတ်ရှုပ်လာပြီ အိပ်တာပဲကောင်းတယ်"
***********
တင်န်း တောင်.... တင်န်း တောင်
"ဩော် ဆရာ ကြွပါရှင့်
ရိပေါ်မနိုးသေးဘူးလားမသိဘူး သွားနှိုးလိုက်အုန်းမယ်
ဆရာ ဧည့်ခန်းကခနလောက်စောင့်နေပါအုန်း
အားနာလိုက်တာ ဒီကလေးတော့ကြိုပြောထားတာကို"
"ဟုတ် ရပါတယ်ဗျ အားနာစရာမလိုပါဘူး
အေးဆေးလုပ်ပါ"
"ဟုတ် ကျေးဇူးပါဆရာ"
ဝမ်ရိပေါ်ကတော့ အိပ်ကောင်းနေတုန်းပင်...
"ရိပေါ် ... ဝမ်ရိပေါ် နင်မနိုးသေးဘူးလား ဆရာကရောက်နေပြီ အောက်မှာစောင့်နေတာ သွက်သွက်ထပြီးပြင်စမ်း နင့်ကိုဒါမှန်းသိလို့ကြိုပြောထားတာကို
မခန့်လေးစားနဲ့ နင့်အပါးနဲ့တိုင်မယ်"
"အင်း... ဟင်းးး....
လုပ်ပြီဗျာ ...
ထပြီဗျို့ ထပြီ
ဆယ်မိနစ်လောက်ဆို ဆရာလာလို့ရပြီလို့"
"အေး အေး နင်ကျပ်ကျပ်သတိထား"
"ဘလာ့ ဘလာဘလာ...."
ရိပေါ် သူ့အမေအားအခန်းထဲမှလှမ်းပြောင်နေလေသည်။
"ဆရာ အပေါ်တက်သွားလိုက်ပါလား
လှေကားရဲ့ညာဘက်က အခန်း ဆရာ
ကျွန်မ လိုက်မပြတော့ဘူးနော် ရလားရှင့် ဆိုင်သွားရအုန်းမှာမို့"
"ဟုတ် ရပါတယ် အစ်မ သွားပါ
စိတ်ချပါ"
"ဟုတ် ဆရာရေ
ကျေးဇူးပါ ရိပေါ်ကိုအပ်ပါတယ်နော်
သူက မိဘကအလိုလိုက်ထားတော့ ဆိုးတယ်ဆရာ
သွန်သင်ဆုံးမပေးပါအုန်း ကျွန်မတို့ကိုအားမနာပါနဲ့ဆရာ
ရိုက်လို့လည်းရတယ်နော်"
"ဟုတ်ကဲ့ပါခင်ဗျာ ဒါဆို ခွင့်ပြုပါအုန်း"
"ဟုတ်ကဲ့ပါရှင်"
ရှောင်းကျန့်အပေါ်ထပ်သို့တက်သွားလိုက်လေသည်။
အဲ ရိပေါ်အမေ တစ်ခုမေ့သွားတာရှိတယ်
ဆယ်မိနစ်နေမှလွှတ်ပါဆိုတာကို ....
ဒေါက် ဒေါက် ... ဒေါက် ဒေါက်
"ရိပေါ်... ဝမ်ရိပေါ် ဆရာပါ
ဝင်လာမယ်နော်"
ရှောင်းကျန့် တံခါးပွင့်လျက်မို့ဒီတိုင်းဝင်သွားလိုက်လေသည်။
ထိုစဉ် ရေချိုးခန်းထဲမှ ထွက်လာသောဝမ်ရိပေါ်နှင့်
တည့်တည့်တိုးလေသည်။
"အားးးးးးးးးး..........."
.
.
.
.
.
.
.
.
.
.
.
.
.
#TBC
ဘယ်လိုနေလဲတော့မသိဘူး
ကြိုးစားပြီးရေးထားပေးပါတယ်နော်
သဘောကျကြလား?????
သဘောကျရင် Vote လေး .... 😙😙
ခိခိ ...အိုက်နီမန်💗😗
