ဝမ်ရိပေါ်ကတော့ အမေပြောတာကိုပြီးအောင်နားမထောင်ပဲ ထွက်သွားလေသည်။

"ဒေါက် ဒေါက်.....ဒေါက်ဒေါက်
အိမ်ရှင်တို့ .... အိမ်ရှင်တို့"

"လာပြီ လာပြီ....
အယ် ဝမ်ရိပေါ် ....
ဆရာဒီမှာနေတာဘယ်လိုသိတာလဲ
လာ အိမ်ထဲဝင် ....
ထိုင်အုန်း ဆရာအအေးသွားဖျော်ပေးမယ်"

"ဟင် ...ဆရာ?
ရတယ်တော်ပြီ
ဒီအိမ်ကိုပြောင်းလာတာ ဆရာလား....
ကျွန်တော်က ဘေးအိမ်မှာနေတာ
(ဟင် ဒါ ဒါဆို ငါ့ကိုစာပြပေးမှာ က ...
ဆ... ဆရာ ရှောင်းကျန့်ပေါ့)"

"ဩော် ဒါဆို ဆရာ စာပြပေးရမှာ မင်းကိုပေါ့?"

"ဟုတ်မယ်ထင်တယ်"

"ဒါဆို မဆိုးပါဘူး အထူးတလည် မိတ်ဆက်နေစရာမလိုတော့ဘူး ရင်းနှီးပြီးသားဆိုတော့"

"ရင်းနှီးတယ်? ကျွန်တော်တို့က ဘယ်တုန်းကရင်းနှီးသွားတာလဲ"

ရှောင်းကျန့် တစ်ယောက် ဝမ်ရိပေါ်ရဲ့အမေးမှာဆွံ့အ သွားလေသည်။

"ဟင် ... အင်း... ထားပါတော့လေ မရင်းနှီးဘူးဆိုလည်း ရင်းနှီးအောင်နေကြတာပေါ့
ဒါနဲ့ ဘာကိစ္စရှိလို့လဲ"

"အိမ်က မုန့်ပို့ခိုင်းလိုက်လို့
ပြီးတော့ဆရာ့အိမ်ကို ကူရှင်းပေးဖို့ပြောလိုက်သေးတယ်
ကျွန်တော်ဘာကူပေးရမလဲ"

"ရပါတယ် အကုန်ရှင်းပြီးနေပြီ မကူနဲ့တော့
နေ့လည်ကအတန်းချိန်မရှိတော့တာလား"

"မဟုတ်ဘူး ပျင်းလို့ပြန်လာတာ ဆရာလည်းမရှိတာနဲ့...."

ဝမ်ရိပေါ် စကားကိုရပ်လိုက်ရလေသည်။
စကားကိုလွှတ်ခနဲပြောမိသွားသောရိပေါ်
မကြာခင်အကုန်ပေါ်သွားနိုင်သည်။

"ဟင် နေ့လည်ဝင်မယ့်ဆရာမရှိဘူးလား"

"မ... မဟုတ်ဘူး ဒီတိုင်း ပျင်းလို့"

"ဩော်.....
ဒါဆို ညနေ စာစသင်တော့မယ်နော် အဆင်ပြေလား"

"မား က ဒီနေ့စမယ်ပြောထားတာလား"

"အင်း သူက ဒီနေ့အဆင်ပြေရင် ဒီနေ့စသင်ဖို့ပြောထားတာ
ဆရာ့အနေနဲ့က ကိစ္စမရှိပေမယ့် မင်းအဆင်မပြေရင် နောက်ရက်ရွှေ့လိုက်မယ်လေ"

You are mine~~~~Donde viven las historias. Descúbrelo ahora