"ပြောမှာသာပြောစမ်း လေကြောရှည်မနေနဲ့"

"ဒီလိုပါကွာ ဆရာကနေမကောင်းတာမဟုတ်ဘူး
အိမ်ပြောင်းထားလို့ လိုအပ်တဲ့ပစ္စည်းတွေ ဝယ်ရမှာမလို့တဲ့ အာ့ကြောင့်ခွင့်တင်တာ တဲ့
ရပလား"

"အဟင်း အဟမ်း ဟုတ်လား... ပြီးတာပဲ"

"ဝမ်ရိပေါ် မင်းတော်တော်ဖြစ်နေပြီ ရုပ်ကြီးကိုက"

"ဖြစ်ဖြစ်ကွာ"

ဒီလိုနှင့် နှစ်ယောက်သားစကားနိုင်လုကာ
အတန်းထဲဝင်သွားလေသည်။

ဝမ်ရိပေါ်ကတော့ အတန်းထဲတွင် စိတ်မပါလက်မပါပုံစံနှင့်ထိုင်နေသော်လည်း အတန်းရှေ့တွင်တော့ မိန်းကလေးများက ဝမ်ရိပေါ်အား လာကြည့်နေကြကာ အော်ဟစ်နေလေသည်။

သူတို့ကိုယ်သူတို့သတ်မှတ်ထားကြပါသည်တဲ့လေ
ဘာတဲ့... ရိပေါ်ရဲ့ ဖန်ကလပ် မန်ဘာဝင်တွေ တဲ့

ဝမ်ရိပေါ်ကတော့ သင်နေသည့်စာထဲတွင်တောင်အာရုံမရှိတာ
ထိုမိန်းကလေးများကိုဖြင့် ဖုတ်လေတဲ့ငါးပိရှိတယ်လို့တောင်မသတ်မှတ်ထားသည့်ပုံ

********

"ကျိုးချန်... ငါမတက်ချင်တော့ဘူး ပြန်တော့မယ်
မင်းသေချာနားထောင်ပြီး လိုက်မှတ်ထား ကြားလား
ပြီးရင်ငါ့ကိုစာအုပ်ပြန်ငှား ငါလစ်ပြီ"

"အေးအေး လစ်
သူ့ဆရာ မရှိတော့
မျက်နှာကရှစ်ခေါက်ချိုးနဲ့ အာ့များ ဟိုကလေးမတွေက သူ့ကိုသည်းသည်းလှုပ်နေတယ်"

ဝမ်ရိပေါ် ဆူပုပ်ပုပ်နှင့် အိမ်သို့ပြန်ရောက်လာလေသည်။

"ရိပေါ် ရေ .... သားလေး မားဆီလာအုန်းခဏ"

"ဟာဗျာ ခုမှရောက်တာကို...."

"ခဏပါပဲ ...နေပါအုန်း နေ့လည်အတန်းချိန်မရှိလို့ပြန်လာတာလား"

"မဟုတ်ဘူး အရမ်းပျင်းလာလို့ စိတ်မပါတော့လို့
ပြန်လာတာ ပြောလေ ဘာခိုင်းမလို့လဲ"

"ဩော် အေး ဟိုဘက်အိမ်ပြောင်းလာတဲ့ဆရာ ကို
မုန့်လေးသွားပို့ခိုင်းမလို့ မင်းကိုစာသင်ပေးမယ်ဆိုတဲ့ရောလေ"

"သိပါတယ်ဗျာ ဒါပဲပြောနေ
ပေးရုံပဲမလား... ပေး"

"ပေးပြီးတန်းပြန်မလာနဲ့အုန်း ပစ္စည်းတွေကူရွှေ့ပေးလိုက်အုန်း တစ်ယောက်တည်းလုပ်နေရတာနေမှာ
မနက်တည်းက
ကြားလား ရိပေါ် ..."

You are mine~~~~Where stories live. Discover now