....................................................

အဖြူရောင်အကျႌချိုင်းပြတ်မှာဂီတာပုံနဲ့ဆင်စွယ်ရောင်ဘောင်းဘီဒူးလောက်နဲ့ လေပန်ကာရှေ့မှာယပ်တောင်ခတ်ကာထိုင်နေတဲ့ရှောင်းကျန့် TVကြည့်ရင်းနေ့လည်ကရှင်းယနဲ့ပြောခဲ့တဲ့စကားတွေကိုပြန်တွေးနေတယ် ဆံပင်ထိပ်လေးကိုလည်းခေါင်းစည်းကွင်းနဲ့စည်းထားသေးသည်။

(AN:လေတွေဖြတ်ကုန်တော့မှာပဲ😆)

ဝူချန်းနဲ့ရှင်းပိုင်ကောတို့လိုပဲ ကိုကိုကငါ့ကိုမချစ်ဘဲယူခဲ့ရတာလေ အဲ့တုန်းကရောငါ့ကိုမုန်းနေခဲ့မလား ဟင်းးး

ရှောင်းကျန့်သက်ပြင်းချကာရှေ့ကရေခဲမုန့်တစ်ဇွန်းခပ်စားလိုက်သည်။ အေးသွားတာပဲ... ဒါပေမယ့်ရင်ဘတ်ထဲကအပူကိုတော့မအေးစေနိုင်ပါဘူးလေ

အိမ်မှာကအဲယားကွန်းမရှိတော့လေပန်ကာနဲ့ပဲအပူလျော့အောင်လုပ်နေရတာလေ လေပန်ကာကလည်းဖွင့်ဖွင့်ချင်းပဲအေးတယ်နောက်ပိုင်းမအေးဘဲအပူတွေပဲထွက်လာသလို အဲ့ဒါကြောင့်ယပ်တောင်နဲ့ပါခပ်နေတာ အပေါ်ကပြောထားတဲ့ပုံကြည့်ပြီးရှောင်းကျန့်တစ်ယောက်ရူးသွားပြီလားလို့လာမပြောကြနဲ့ ဒါပဲ

"ကိုကိုဘယ်သွားမလို့လဲ"

အပေါ်ထပ်ကကျွတ်ကျွတ်အိတ်အမဲကြီးကိုင်ပြီးဆင်းလာတဲ့ရိပေါ်ကိုမြင်လို့မေးလိုက်တယ်။

ရှောင်းကျန့်မေးတော့ရိပေါ်မှာသူခိုးလူမိသွားသလိုအိတ်ကိုအနောက်ဖွတ်လိုက်ပြီး

" ရွာထဲကို ခဏသွားမလို့ "

"အဲ့နောက်ကဟာကဘာလဲ"

"ဟမ်! ဟို..ဘာမှမဟုတ်ပါဘူး အမှိုက်တွေ တစ်ပါတည်းလွှတ်ပစ်ဖို့ယူသွားမလို့"

ရှောင်းကျန့် ရိပေါ်နောက်ကအိတ်ကိုသာခေါင်းစောင်းပြီးကြည့်နေတယ် ဘာပစ္စည်းတွေထည့်ထားတာတုန်း

"ကျွန်တော်လည်းလိုက်မယ်"

ရိပေါ်သွားခါနီးမှထလာတဲ့ရှောင်းကျန့်ကိုအမြန်တားလိုက်ရတယ် အမှိုက်သွားပစ်တာမဟုတ်မှန်းသူအသိဆုံးပဲဟာ။

"မလိုက်ပါနဲ့ အိမ်မှာပဲဇာတ်ကားကြည့်နေ ကိုယ်ခဏပဲသွားမှာပြီးရင်ပြန်လာခဲ့မယ်လေ နော်"

𝑴𝒚 𝒇𝒂𝒓𝒎𝒆𝒓 𝒉𝒖𝒔𝒃𝒂𝒏𝒅 𝑽𝒊𝒍𝒍𝒂𝒈𝒆 𝑴𝒐𝒏𝒆𝒚𝒃𝒂𝒈𝒔(ᴇᴅɪᴛɪɴɢ✔︎)Where stories live. Discover now