ပြောချင်တာပြောပြီးသွားတဲ့ကောင်လေးက
ခေါင်းလေးအောက်စိုက်ကာ အမောဖြေနေသည်။
ရုတ်တရက်သူ့လက်ထဲ လာထည့်ပေးတဲ့
အရာကြောင့် ရှောင်ကျန့် တအံ့တသြကြည့်မိတော့
သူ့လက်ထဲမှာ ရောက်နေသည်က
ဓားမြှောင်လေးတစ်ခု။

"ဖြတ်လို့ရရင် ဖြတ်ပြီးပြေး!!မင်းလိမ်တာ
မလိမ်တာ ငါစိတ်မ၀င်စားဘူး။!"

ပြောပြီးလှည့်ထွက်သွားတဲ့ လန့်ဝမ့်ကျီးကို
ရှောင်ကျန့်အားကုန်အော်ပြောမိသည်။

"ငါကလည်း မင်းမလာမချင်းစောင့်နေမှာ"

ရုတ်တရက် ရပ်တန့်သွားတဲ့ဝမ့်ကျီးခြေအစုံက
ရှောင်ကျန့်စကားတွေကို ကြားသွားမှန်းသိသာပါသည်လေ။

တကယ်နော်ဝမ့်ကျီး....
ဒီပုံပြင်ကို ငါပြင်ဆင်တော့မှာ

🎴🎴🎴🎴🎴🎴🎴🎴

"ရှောင်ယမ်းဆေးမြစ်ကျိုလိုက်။
ဝမ့်ကျီးအခန်းထဲက နေ၀င်ပန်ချီကားနောက်ရဲ့
အံဝှက်ထဲမှာ
နည်းနည်းကျန်သေးတယ်။
ဒီကကျန်တာနဲ့ အကုန်ရောကျိုလိုက်"

ဆေးမြစ်လေး နှစ်တောင့်ကို
ရှေ့ကခွက်ထဲထည့်ကာ ကုန်းကုန်းကိုပြောလိုက်သည်။

"မယ်မယ်....တကယ်ပဲ အကုန်ကြီးတိုက်မှာလား"

"သွားစမ်း ..ဟိုတစ်ခေါက်က ဆေးပမာဏက
အစွမ်းမပြလို့ အခုအကုန်သုံးမှာ။
ဒီလောက်ဆို တမလွန်ကို သူချောချောချူချူ
သွားလို့ရပြီ။ တစ်ရက်လည်း တစ်ရက်...
ငါ့ကို စိတ်မချဖြစ်စေတယ်။
ဒီညသွားတိုက်ရင် မနက်ဖြန်မနက်
သူ့အသက် ဇီဝိန်ချူပ်သွားပြီ။
နိုးမို့ဆို မနက်ဖြန်နေ၀င်တဲ့ထိ
စောင့်ရမှာ..၀မ့်ကျီးက အရင်လို
မဟုတ်တော့ဘူး...ကောင်လေးရဲ့
ကိစ္စကို သူဖြေရှင်းဖို့ကြိုးစားမှာပဲ..
ဒီတော့ အခုတည်းက ခြေတစ်လှမ်းသာထားမှဖြစ်မယ်။
သွား....အခုသွားစမ်း"

ကုန်းကုန်းထွက်သွားသည်နှင့်
သူမလည်း နေ့တိုင်းဖွင့်နေကြ
သေတ္တာလေးကို ဖွင့်ရင်း
ချစ်ရသူရဲ့ပန်းချီကားလေးကို
ထုတ်ကြည့်ကာ အားရပါးရရယ်မောမိသည်။

*အခမ်းအနားနဲ့ ရှင့်သားလေးကို
တမလွန်မှာ ကြိုလိုက်ပါအုံး
ဝေ့မင်းကြီးရဲ့....ကျွန်မတောင်
အချစ်နဲ့ မပေါင်းစပ်ရတာ...
ရှင့်သားလည်း သူ့ချစ်သူနဲ့
မပေါင်းဖက်စေရဘူး....*

ချစ်သောအရှင်(ချစ်သောအရှင်){Completed}Where stories live. Discover now