ကျီးကန်းသံတွေ အများကြီးကြားနေရပေမဲ့
သူမျက်လုံးကိုသာမှိတ်ထားမိသည်။
သေချာပေါက် ခေါင်းပြတ်ကြီးဆီ
လာကြတာ သိနေသည်ကိုး။

"ဝေ့ရင်း!!"

ရင်းနှိးတဲ့အသံကြောင့် မရဲတရဲ မျက်လုံးဖွင့်ကြည့်မိတော့
သူ့ရှေ့မှာ ချစ်ရသူလန်ဝမ့်ကျီး။

"၀မ်....၀မ့်ကျီး"

"ချမ်းနေတာလား"

သူခေါင်းကိုတဆတ်ဆတ်ငြိမ့်ပြလိုက်တော့
ဝမ့်ကျီးက သက်ပြင်းချကာ
သူ့ရဲ့ခြုံထည်ကို လက်ဝါးကပ်တိုင်နှင့်
ရှောင်ကျန့်ကို ရောပတ်လိုက်သည်။

"တဖြည်းဖြည်း နွေးသွားလိမ့်မယ်"

"၀မ့်ကျီး...ငါ့ကိုယုံပါ...ငါ...
လုပ်ကြံခံရတာ...ငါ့ကိုယုံပေးပါကွာ'

'"မင်းမှာသက်သေရှိလား"

"သက်သေ!!"

"အင်း..သက်သေမရှိဘဲ ဘာမှလုပ်လို့မရဘူး"

ရှောင်ကျန့်ခေါင်းငိုက်စိုက်ကျသွားသည်။
ကျလာမည့်မျက်ရည်တွေကိုနှုတ်ခမ်းကိုက်ကာ
တားဆီးရင်း

"မင်း .ငါ့ကိုယုံကြည်ပေးရင် သက်သေရှာတွေ့မှာပေါ့ .
ငါ့ကိုယ်ငါတောင် ဘယ်လိုအခြေနေမျိုး
ရောက်နေလဲ မသိတဲ့ဘ၀မှာ
သူများကိုယ်ထဲရောက်နေပြီး သူများအရူပ်ထုတ်ကို
သက်သေရှာပေးရအုံးမှာလား!!!"

စိတ်တိုစွာအော်မိတော့ သူ့မျက်ဝန်းတွေ
ရဲစက်နေမှာအသေချာပင်။
ဝမ့်ကျီးကတော့သူ့ကို
ခပ်ဆွေးဆွေးသာငေးကြည့်နေသည်။

"ဝေ့ရင်း!!"

"မခေါ်နဲ့!!!ဝေ့ရင်းပြောတာမှန်တယ်။
မင်းကသူ့ကိုဆို ဘယ်တော့မှမယုံကြည်ပေးဘူး။
မင်းဘက်က ချစ်နေတာကိုပဲသိတဲ့ကောင်။
သူ့ဘက်ကအခြေနေတွေကိုဘယ်တော့မှ
မလေ့လာခဲ့ဘူး။တုန့်ပြန်မှုမကောင်းတိုင်း
မချစ်ဘူးမထင်နေနဲ့...မင်းလုပ်ရပ်ပေါ်လည်း
သက်ဆိုင်သေးတယ်လန်ဝမ့်ကျီး..
မင်းကဟန်ဆောင်ချစ်ခြင်းတရားတွေကိုပဲ
မြတ်နိုးနေတဲ့လူ...."

"........."

"မင်းရဲ့ ချစ်လှပါချည်ရဲ့ဆိုတဲ့ အပေါ်ယံ
မေတ္တာနဲ့လူတွေကိုလည်း စူးစမ်းကြည့်ပါအုံး..
မင်းမှာ အချိန်တစ်ရက်ပဲကျန်တော့တာမလို့"

ချစ်သောအရှင်(ချစ်သောအရှင်){Completed}Where stories live. Discover now