အပိုင်း(၂၆)(Unicode)
Start from the beginning
"သားငယ်....စားလေ......"
မျက်လုံးလှန်ကြည့်ပြီး ခေါင်းညိတ်ပြလာသောပုံစံက ရိုကျိုးသည်ထက် မဝံ့မရဲဖြစ်နေပုံ....။ ဒေါ်နုဝေသည် နေဝေသော်ကို ဝမ်းနှင့်လွယ်မွေးထားရသော မိခင်ဖြစ်သည်နှင့်အညီ သားဖြစ်သူ၏ အမူအရာကိုကြည့်ပြီး သဘောပေါက်လိုက်သည်။
"သားငယ် မေမေ့ကိုပြောခဲ့တဲ့ စကားတွေအတွက် စိတ်မကောင်းဖြစ်နေတာလား...."
နေဝေသော်သည် ခေါင်းညိတ်ပြပြီးနောက် ဒေါ်နုဝေကိုလည်း မော့မကြည့်ဘဲ ရှမ်းခေါက်ဆွဲသာ ငုံ့စားနေသည်။
"သားငယ်ပြောတာကလည်း မှန်နေလို့ မေမေ့လည်း...တွေဝေသွားတယ်...ဒါပေမယ့် မေမေတို့ဖြစ်စေချင်တာက ဘယ်လိုပဲဆိုဆို အဓိကကတော့ သားငယ်ပျော်နေတာကိုပဲ မြင်ချင်တာပါ....
သားငယ်ဆန္ဒရှိသလိုနေလို့ ပျော်မယ်ဆိုရင် မေမေ့မှာဘာမှပြောစရာမရှိတော့ဘူး...ဒီလိုကိစ္စမျိုးကို လက်ခံဖို့ကတော့ မေမေတို့အတွက်ခဲယဉ်းတယ်...သားရဲ့..
တစ်ခုပဲ...သားငယ်ရွေးချယ်တဲ့လမ်းက မှန်မယ်လို့ထင်ရင်
စိတ်ညစ်စရာကြုံလာရရင်တောင် အားမပျော့မိစေနဲ့...
မင်းပါးပါးကိုလည်း မေမေတတ်နိုင်သလောက် ဖျောင်းဖျပေးပါမယ်...."
နေဝေသော်သည် စားလက်စကိုရပ်ပြီး မိခင်ဖြစ်သူအားမော့ကြည့်မိသည်။ နေဝေသော်ကြည့်လာတာကိုမြင်တော့ ဒေါ်နုဝေကပြုံးပြသည်။ထိုအပြုံးကိုမြင်လိုက်ရသော နေဝေသော်သည် အဆီဝေ့နေသောနှုတ်ခမ်းကို တစ်သျူးနှင့်သုတ်ပြီး မိခင်ဖြစ်သူနားသွားကာ ပခုံးကိုသိမ်းကျုံးဖက်ရင်း ပါးပြင်မို့မို့ကို နစ်ဝင်သွားသည်အထိ နမ်းလိုက်သည်။
"မေမေတကယ်ပြောတာနော်....ပါးပါးကို တကယ်ပြောပေးမှာလား....မေမေပြောတာဆို ပါးပါးက နားထောင်မှာ....
ကျွန်တော်သိသားပဲ....ဒီကမ္ဘာပေါ်မှာ မေမေတစ်ယောက်ကတော့ ကျွန်တော့ကိုနားလည်ပေး နိုင်ပါတယ်လို့..."
"ဒီကလေး....အခုကျတော့ ပြုံးဖြီးလို့....
မေမေက သားငယ်စိတ်ဆင်းရဲတာမမြင်ချင်လို့ လက်ခံပေးလိုက်တာနော်...