"အပြင်မှာနှင်းတွေကျနေတယ်လေ လူလေးရယ်..
အဖွားအိမ်ကိုလိုက်ပြီး ရေနွေးကြမ်းသောက်ပါဦးလား"

"အာ.. ဟုတ်ကဲ့.. ကျေးဇူးတင်ပါတယ်အဘွား"

တိုင်းသူပြည်သားတွေရဲ့ ရိုးသားဖြူစင်တဲ့စိတ်ဓာတ်လေးတွေကြောင့် ထယ်ယောင်းကြည်နူးရပါတယ်...။ ဒါကြောင့်လည်း နန်းတွင်းမှာနေရတာထက် အပြင်မှာလျှောက်သွားနေရတာကို ထယ်ယောင်းပိုသဘောကျခြင်းသာ...။

မကျဉ်းလွန်းမကျယ်လွန်းတဲ့ အဖွားရဲ့တဲလေးထဲသို့ ထယ်ယောင်းလိုက်သွားလိုက်ပြီး အဖွားဧည့်ခံတဲ့ရေနွေးကြမ်းကိုသောက်ကာ စကားတွေဆက်ဟြေဖြစ်ကြတယ်..။

"အိမ်သားတွေရော မတွေ့မိပါလားအဖွား"

"သားနဲ့ချွေးမက ဈေးထဲမှာ ခြံထွက်သီးနှံတွေရောင်းတာလေ... မြေးလေးကလည်း သူတို့နဲ့အတူလိုက်သွားလို့ အဖွားပဲကျန်ခဲ့တာ.. ငါ့မြေးကရော ကြည့်ရတာ ဒီကမဟုတ်သလိုပဲ"

ထယ်ယောင်းရဲ့ဝတ်စားဆင်ယင်ပုံက သာမန်ပြည်သူတစ်ယောက်နဲ့ မတူတာကြောင့် မေးလိုက်ခြင်းဖြစ်ပုံရပါတယ်...။ ဒါကြောင့် ထယ်ယောင်းလည်း အပြုံးလေးနဲ့ပြန်အဖြေပေးလိုက်တယ်..။

"ဟုတ်ပါတယ်အဖွား... ကျွန်တော်က နန်းတွင်းက ကုန်ပစ္စည်းအဝယ်တော်ရာထူးကို တာဝန်ယူထားရသူပါ"

အိမ်ရှေ့စံဆိုတဲ့ဂုဏ်ပုဒ်ကိုတော့ ထယ်ယောင်းချန်လှပ်ထားလိုက်တယ်...။ မလိုအပ်ဘဲနဲ့ ထုတ်ဖော်ပြနေစရာမှမလိုတာ...။ သူသာအိမ်ရှေ့စံတစ်ယောက်ဆိုတာ သိသွားခဲ့ရင် အဖွားအနေရခက်သွားမှာကိုလည်း စိုးရိမ်တာကြောင့်ပင်...။ လူကြီးတစ်ယောက်ရဲ့ အရိုအသေပေးခြင်းကို ထယ်ယောင်းမခံယူချင်ပါ...။

"ကောင်းတာပေါ့... ငယ်ငယ်ရွယ်ရွယ်နဲ့ ရာထူးအကြီးကြီးရထားတာပဲ... ဂျုံးကုနဲ့ မိတ်ဆွေတွေဆိုတော့ အဆင်ပြေတာပဲ... သူ့ခမျာမိသားစုလည်းမရှိဘဲ အထီးကျန်နေရှာတာ... အချင်းချင်းကူညီဖေးမကြပေါ့ကွယ်"

"ဟုတ်ကဲ့ပါအဖွား"

အဖွားနဲ့ အတန်ကြာတဲ့အထိ အဖော်ပြုပေးပြီးမှ ထယ်ယောင်းလည်း ပြန်လာခဲ့လိုက်တယ်...။ အဖွားကို လက်ဆောင်အနေနဲ့ တိုင်းတပါးကနေရတဲ့ ကျောက်စိမ်းလက်ကောက်လေးပေးတော့ အဖွားကငြင်းတယ်...။ ဒါပေမယ့်ထယ်ယောင်းက အမှတ်တရအဖြစ်သိမ်းထားဖို့ အနူးအညွတ်တောင်းဆိုသောအခါကျမှ အဖွားလည်း လက်ခံလိုက်တော့တယ်..။ ရိုးသားလွန်းတဲ့ တိုင်းသူပြည်သားတွေကြားမှာ ထယ်ယောင်းတစ်ယောက် နေသားကျကာ ပျော်ရွှင်နေတာတော့အမှန်ပင်…။

❄Ice Dynasty❄ (Completed) Where stories live. Discover now