"ကျန့်ကော....ထပ်မထားသွားနဲ့တော့နော်"

"အင်း.....ငါမင်းကို ထပ်မထားခဲ့တော့ဘူး"

"ချစ်တယ်..."

"ငါရောပဲ..."

ကျန့်ကောရဲ့ ဆံစလေးတွေကိုဖိကပ်နမ်းရင်း
မျက်နှာချင်းဆိုင်ပွေ့ဖက်ထားလိုက်တော့
ကျန့်ကောက သူ့ရင်ဘတ်ပေါ်မေးတင်ကာ
ပြုံးပြုံးလေး မော့ကြည့်လာသည်။

ရုတ်တရက် ပြုံးနေသည့်ကျန့်ကောရဲ့
ပါးပြင်ပေါ်ကိုဆင်းကျလာတဲ့ ပုလဲရောင်
မျက်ရည်တွေ။
သူရုတ်တရက်အံ့အားသင့်နေတုန်းမှာ
နဖူးပေါ်ဝဲနေတဲ့ ဆံပင်ပုံစံနဲ့
ကျန့်ကောက ဆံပင်ရှည်နဲ့
ကောင်လေးအဖြစ်ပြောင်းသွားတယ်။

ရိုးရာဝတ်စုံလိုမျိုးလေးနဲ့ ကျန့်ကောက
သူ့ကိုနှုတ်ဆက်သလိုမျိုးကြည့်လို့။

ဟင့်အင်း...ထပ်မသွားရဘူး...

"လန်ဝမ့်ကျီး...ခင်ဗျားကိုချစ်တယ်..."

ရုတ်တရက်ကြောင်အနေပေမဲ့
နှလုံးသားက ကျန့်ကောမဟုတ်တဲ့
မိစ္ဆာကောင်လိုလေးကို ခုန်နေလေရဲ့

"ကျွန်တော် ခင်ဗျားကိုအရမ်းချစ်တယ်!"

ရုတ်တရက် ထတောက်လောင်နဲ့
မီးစတွေက ကျန့်ကောနဲ့သူ့ကြားမှာ
စည်းတစ်ခုလို။
ပျောက်ကွယ်သွားတဲ့ကောင်လေးကို သူ
အလန့်တကြားဖမ်းဆွဲတော့ ပါလာသည်က
ငွေရောင်ဓားလေး။
နဂါးနှစ်ကောင်လိမ်ယှက်နေတဲ့
ဓားလေးကို ရိပေါ်မှင်သက်စွာသာ
ကြည့်နေမိသည်။
စိတ်ထဲမှာ အရမ်းရင်းနှီးနေသလိုခံစားချက်နှင့်
ဝမ်းနည်းမှုတွေပါ ရောပြွမ်းလို့။

ဘာပဲဖြစ်ဖြစ် ကျန့်ကော ပြန်လာမယ်ဆိုတာ
ရိပေါ်ယုံတယ်။

🎴🎴🎴🎴🎴

"သား....ရိပေါ်...."

ရိပေါ်ရဲ့ အထိန်းတော်ကြီးက
ဝယ်လာတဲ့စားစရာတွေကိုဘေးနားချပြီး
သူ့ပုခုံးကိုဖွဖွလာပုတ်သည်။

သူအားမပါစွာတစ်ချက်ပြုံးပြလိုက်ပြီး
ကျန့်ကောရဲ့ လက်သည်းတွေကို
ဂရုတစိုက်ပြန်ညှပ်ပေးနေလိုက်တော့
သက်ပြင်းချသံသဲ့သဲ့နဲ့ အထိန်းတော်ကြီးက

ချစ်သောအရှင်(ချစ်သောအရှင်){Completed}Where stories live. Discover now