The only one extra

3.1K 368 181
                                    

(Zawgyi)

  My different twin sons

"ဒီအမှတ်စာရင်းက ဘယ်လိုဖြစ်ရတာလဲ"

လက်ထဲက အမှတ်စာရင်းစာရွက်ကို တဖြတ်ဖြတ်ခါရင်းကျွန်တော်မေးလိုက်ပေမယ့် ချစ်လှစွာသောသားတော်မောင်က အ‌ရေးတစက်မှမလုပ်ပဲ သူ့စာအုပ်ကိုပဲသူဖတ်နေတယ်။

"appaမေးနေတာဖြေလေ kyungsoo"

သားတော်မောင်က ၁၁နှစ်ဆိုတဲ့သူ့အသက်နဲ့ လုံးဝမလိုက်ဖက်တဲ့ ပါဝါ၁၀၀ကျော်မျက်မှန်ကို လက်နဲ့အသာပင့်တင်ပြီး လက်ထဲကစာအုပ်ကို သူ့အရှေ့ကခုံပေါ် ချလိုက်တယ်။ပြီးတော့ သူ့အရှေ့မှာရပ်နေတဲ့ကျွန်တော့်ကို မျက်မှန်ပေါ်ကနေကျော်ကာမော့ကြည့်တယ်။အားးးးအဲ့ဒီ အကြည့်တွေ။ဘာလို့ သူ့အဖေOh Sehunနဲ့တစ်ပုံစံတည်းလည်း။

"ဘာသာစုံ၁၀၀ရတာ ဘာမှားလို့‌လဲ appa"

"မှားတာပေါ့။မင်း ငါ့သားဆိုပြီး ဘာလို့ငါနဲ့တူတာ တစ်ခုလေးတောင်မရှိရတာလဲ။ငါဆို မင်းအရွယ်တုန်းက မကျဘူးဆိုရင်တောင် အနည်းဆုံးတစ်ဘာသာပဲ"

Kyungsoo က သက်ပျင်းချရင်းခေါင်းခါလိုက်ကာ ကျွန်တော့်ကိုသနားသလိုကြည့်တယ်။

"appa~နည်းနည်းလောက် လောဘလေးလျော့ပါဦး။ကျွန်တော်ကappaနဲ့မတူပေမယ့် Minseokကappaနဲ့တစ်ပုံစံတည်းလေ"

"အေးအဲ့ဒါကို ပိုပြီးမကျေနပ်ဘူး။မင်းတို့ကအမွှာတွေလေ။ဘာလို့ ရုပ်နည်းနည်းဆင်တာကလွှဲပြီး အကျင့်တွေအကုန်လုံးက တခြားဆီဖြစ်နေရတာလဲ"

Kyungsooက လက်ပိုက်လိုက်ပြီး ထိုင်ခုံနောက်မှီကို မှီချလိုက်တယ်။လွန်ခဲ့တဲ့၅နှစ် ဂေဟာကနေစစခေါ်လာတုန်းက သူတို့ကအကျင့်တူတဲ့အမွှာ‌တွေဆိုပေမယ့် ငါးနှစ်အတွင်းဆီနဲ့ရေလို ကွာခြားသွားတာပါပဲ။

"အဲ့ဒါကappaတို့ကြောင့်လေ။ကျွန်တော်တို့ညီအစ်ကိုက မျိုးရိုးတောင်တူလို့လား။တစ်ယောက်ကOh kyungsoo တစ်ယောက်ကKim Minseok။"

Kyungsooဟာလေ သူ့အသက်နဲ့မလိုက်အောင် အမှန်တွေသိပ်ပြောတယ်။

Tom's Jerry(Z+U)[Completed]Where stories live. Discover now