32(Final)

3.5K 375 163
                                    

(Zawgyi)

ထုံစံအတိုင်း ကျောင်းရဲ့ကားပါကင်ကနေ ကျွန်တော်နဲ့Sehunအတူတွဲလျှောက်လာကြပြီး ကော်ရစ်တာလမ်းဆုံကိုရောက်တဲ့အခါနှစ်ယောက်လုံးရပ်တန့်သွားတယ်။

ဘယ်ကိုကွေ့ရင်canteenကိုရောက်မည်ဖြစ်ပြီး ညာကိုကွေ့ရင်အတန်းကိုရောက်မယ်။အခုချိန်ထိ ကျောင်းမှာကျွန်တော်တို့နှစ်‌ယောက်ရဲ့ပတ်သတ်မှုကိုတရားဝင်မချပြရသေးဘူး။အမြဲတကျက်ကျက်ရန်ဖြစ်တတ်တဲ့မတည့်အတူနေသူငယ်ချင်းအဆင့်မှာပဲရှိနေသေးတာ။ဒါကလည်း ကျွန်တော့်ဘက်ကချပြဖို့သတ္တိမရှိသေးလို့။

"ကိုယ်သွားပြီနော်"

နေသားကြနေတဲ့သူက ကျွန်တော့်ကိုတာ့တာပြပြီး ကန်တင်းသွားတဲ့လမ်းဆီကွေ့ကာ ကျောခိုင်းသွားတယ်။သူကအဆင်ပြေနေတဲ့ပုံပေါ်ပေမယ့် ကျွန်တော်ကတော့အခုမှအားနာစိတ်ဝင်မိတာပါပဲ။

နှစ်ဦးသဘောတူချစ်ကြိုက်ခဲ့ကြပေမယ့် ကျွန်တော်ကသူ့ဘက်ကိုမကြည့်ပဲ လုပ်ချင်ရာလုပ်ခဲ့ပေါင်းများပြီ။ပြီးတော့ နာကျင်စရာတွေများလွန်းခဲ့တဲ့ကျွန်တော့်ကောင်လေးကို ထပ်ပြီးမနာကျင်စေချင်တော့ပါဘူး။

ကျွန်တော်သူ့နောက်ကျောပြင်ကိုကြည့်ကာတစ်ချက်ပြုံးလိုက်ပြီး သူ့ကိုမှီအောင်အပြေးလေးလှမ်းသွားလိုက်တယ်။ဘေးနားမှာယှဉ်လျှောက်လိုက်တော့ သူကလှည့်ကြည့်လာပြီး အံ့ဩသလိုနဲ့မျက်ခုံးတြွေမင့်တက်သွားတယ်။

"Jongin~ဘာလဲအတန်းမရှိဘူးလား"

ကျွန်တော်ခေါင်းခါပြလိုက်ပြီး သူ့လက်ချောင်းတွေကြားကျွန်တော့်လက်ချောင်းတွေယှက်တွယ်ပစ်လိုက်တယ်။ပြီးတော့ တွဲထားတဲ့လက်ကိုအပေါ်ကိုမြှောက်လိုက်ပြီး

"ငါ့ကောင်လေးကိုတရားဝင်မကြေညာရသေးလို့"

အံ့ဩမှုကြောင့်ပြူးကျယ်သွားတဲ့ သူ့မျက်လုံးတွေကိုကျွန်တော်မသိချင်ယောင်ဆောင်ရင်း တွဲထားတဲ့လက်ကိုတမင်ပြန်ဖြုတ်ပစ်လိုက်တယ်။ပြီးတော့ချောင်းတစ်ချက်ဟန့်လိုက်ပြီး

"အဟမ်း~မင်းကသဘောမကျဘူးဆိုလည်း~ကျောင်းမှာပုံမှန်အတိုင်းပဲနေကြတာပေါ့"

Tom's Jerry(Z+U)[Completed]Where stories live. Discover now