THIS LOVE ♻ 6

994 137 82
                                    


အေးစိမ့်စိမ့်ခံစားချက်ကြောင့်ဆယ်ဟွန်းမျက်လုံးဖွင့်မကြည့်ဘဲ

"မောင် ချမ်းတယ် ဖက်ထားပေး
အချစ်ကိုဖက်ထားပေးဆို "

စောင်ကိုပြန်ခြုံရင်းမောင့်ရင်ခွင်ထဲဟွန်းတိုးဝင်အိပ်လိုက်သည်။
နွေးလိုက်တာ။ဟွန်း အရမ်းသဘောကျတယ်။

သူမချိပြုံးပြုံးမိပြီ။
ဟွန်းကသူ့ကိုဟိုလူလို့ထင်နေပုံရသည်။
'မောင် လို့ခေါ်တယ်လား '
သူနဲ့ပြောရင် 'ဟွန်း လို့သုံးတတ်သူလေးက အချစ် 'လို့သုံးတယ်လား ။
ရင်ခွင်ထဲတိုးဝင်ကာအိပ်စက်နေသူလေးကိုအဘယ်သို့နိူးရက်ပါ့။အိပ်ပျော်အောင်အိပ်ပါ။
ကျောပြင်ဆီဖွဖွပွတ်ရင်းသူရင်ခွင်ထဲကဟွန်းနွေးအောင်
ပွေ့ထားလိုက်သည်။

*ကိုယ်ကမင်းအတွက်အစားထိုးလူလားတော့မသိဘူး
ကိုယ့်အတွက်တော့မင်းကတစ်ယောက်တည်းသောချစ်ရသူ *

အိပ်ပျော်နေတဲ့ ဟွန်း နဖူးဆီနမ်းမယ်လုပ်ပြီးမှသူမနမ်းရက်တော့။ကာယကံရှင်မှမသိတာဆိုတာက....

လူးလွန့်ကာနိူးလာသောသူလေးဟာခြေလက်လေးတွေဆန့်ကာ
အပျင်းဆန့်နေရဲ့။

"ဟွန်း အိပ်ချင်သေးတယ်
ဘာလို့အေးနေရတာလဲ မောင် တံခါးဖွင့်လိုက်တာလား "

ကျွန်တော့်အဖြစ်ကရီစရာပါဘဲ။မှားယွင်းခေါ်ခံနေရတဲ့ဘဝ
ရှိစေတော့။သူအိပ်ချင်မူးတူးဖြစ်နေတာမလား။

ဆယ်ဟွန်း နိူးထလာချိန်မိုးရွာနေတာဘဲ။ပြတင်းအပြင်ကို
ကြည့်နေရင်းငါဘယ်ရောက်နေတာလည်းဆိုပြီးအသိဝင်တာ။

"နိူးပြီးလား ဟွန်း morning "

သူ့ကိုမြင်တော့ဟွန်းလူးလဲထရပ်တော့စောင်နဲ့လုံးပြီးလဲမလို
ဖြစ်သွားသည်။

"ဘာတွေအလျှင်လိုနေတာလဲ
ဖြည်းဖြည်းထပါ ဟွန်း ရဲ့ "

သူ့ရင်ခွင်ထဲပွေ့ဖက်ခံထားရချိန်အခုန်မြန်လာသောနှလုံးသားလေးကသက်သေတခုပေါ့
ဆယ်ဟွန်း သူနဲ့ရှိနေချိန်ဆိုစိတ်လှုပ်ရှားရတယ်။
ဘာမဟုတ်တဲ့အသေးအဖွဲ့လေးကအစဂရုစိုက်ပေးတဲ့သူက
....

မျက်လုံးချင်းဆုံကြည့်နေတာမို့အကြည့်လွှဲကာသူ့ရင်ခွင်ထဲက
ရုန်းထွက်လိုက်မိသည်။ရင်ခုန်နေတာကိုဖုံးကွယ်လို့ခပ်ခွာခွာ
ရပ်လိုက်မိသည်။

THIS LOVEWhere stories live. Discover now