ဘဝဆက်တိုင်းချစ်ခွင့်ပေးပါ(အပိုင်း-၈)

198 25 6
                                    

တစ်ဖက်သတ်အချစ်ဆိုတာ အချစ်ခံရတဲ့သူတွေကတော့
ချစ်ပေးနေရတဲ့သူရဲ့ ရင်ထဲကိုမမြင်နိုင်ပေမယ့်...
တစ်ဖက်သတ်ချစ်ရသူရဲ့ ရင်ထဲကခံစားချက်တွေဆို
သည်မှာတော့ ပိုးဖလံမျိုးမီးကိုတိုးဆိုသလိုပေါ့...
သို့သော် အဲ့လိုပူပန်မှုလေးတွေက တစ်ဖက်သတ်ချစ်နေ
ရတဲ့လူသားတွေအတွက်တော့ ချိုမြိန်မှုလေးတစ်ခုပါဘဲ...

....

နိုင်ငံခြားကပြန်ရောက်တယ်ဆို noonaအလုပ်ကိုတန်း
လာမိတယ်...noonaကိုလွမ်းနေတာကြာလှပြီ ကျွန်တော်တို့ကမောင်နှမဝမ်းကွဲဆိုပေမယ့် မောင်နှမအရင်းအချာမရှိသလို နီးစပ်တဲ့ဆွေမျိုးကတော့ဒီnoonaတို့မိသားစုဘဲရှိတယ်လေ...မာမားတို့က တရုတ်မှာနေတော့ ကျွန်တော်လည်း တရုတ်မှာဘဲနေဖြစ်တယ် ကိုရီးယားကို တစ်နှစ်တစ်ခါတောင်မရောက်ဖြစ်...ဒီနှစ်တော့ မာမားတို့
ကိုပူဆာပြီး ကိုရီးယားကိုပြန်ဖြစ်တယ်...။ငယ်ငယ်ကသူငယ်ချင်းတွေကိုလည်းတွေ့ချင်တာပါတာပေါ့...

ပြန်လာမယ်ဆိုတာဒီကလူတွေတစ်ယောက်မှမသိကြဖူး
လေ...။လေဆိပ်ရောက်တော့noonaကိုဖုန်းဆက်တော့
noonaကအိမ်မှာမဟုတ်ဘူး လိပ်စာပေးတော့လိပ်စာအတိုင်းဘဲလာမိလိုက်တယ်...။အိမ်ကလည်းnoonaတို့အိမ်
မှာဘဲနေမှာ ကြီးကြီးတို့ကိုလည်းnoonaနဲ့ပြန်မှသိစေချင်
တာကြောင့်noonaအလုပ်ဆင်းမှ အတူတူပြန်လိုက်
တော့မယ်......။

Hun:ဒီမှာခင်ဗျ....ကြီးတော်ကိုကျွန်တော်မေးချင်တာ
ရှိလို့....

Lu: ဘာ...ဘာ...ဘာ....ရှင် ရှင်ဘယ်လိုခေါ်လိုက်တယ်

Hun: ကြီးတော်လို့်ခေါ်လိုက်တာလေ...ကြီးတော်မဟုတ်ဘူးလား???

Lu: ရှင်....ရှင်တော်တာ့နော်...

တကယ်ဘယ်လိုကြောင့်ရယ်လဲမသိ noonaကအလုပ်
မှာတွေ့ချင်အလုပ်လာခဲ့ဆိုလို့သာလာတာ ဒီရောက်တော့ဖုန်းခေါ်တာမကိုင်ဘူး ဒီလောက်ကြီးမားတဲ့အဆောက်အဦးထဲ ကျွန်တော်ဘယ်လိုရှာရမလဲ???ကိုယ့်မှာအူ
ကြောင်ကြောင်နဲ့ဖြစ်နေတုန်း မိန်းမချောလေးတစ်ယောက်ကိုတွေ့လိုက်တော့ ကျွန်တော့်ထက်တော့အသက်ကြီး
မယ်ပုံဘဲ ကိုရီးယားမလေးတွေ မစရတာကြာတော့ စချင်
စိတ်နဲ့စလိုက်မိတယ်....ရန်ပြန်တွေ့နေပုံလေးက အသည်းယားစရာ....

ဘဝဆက်တိုင်းချစ်ခွင့်ပေးပါ...Where stories live. Discover now